Monday, February 23, 2009

“ကျေးဇူးပြု၍ ၂”


ဟောဒါ့ သူ့ တခြမ်း
ဟောဒါ့ မင့် တခြမ်း ရယ်
အသည်းကို ဘယ်လို ခွဲတမ်းချရမှာလဲ..

အမှန်တရားကို မြတ်နိုးတယ်ဆိုရင်
တကယ်တမ်းသာ မေတ္တာမိုးတယ် ဆိုရင်
ပစ်ပစ်ခါခါ လက်လွတ်စပယ် ပြောချက်တွေကို မဟုတ်ဘူး ငြင်းပေါ့။

အသည်းထဲနင့်...
ခင်ဗျားက စချစ်တာပဲ
ဒါ ခင်ဗျား အပြစ်ဟာပဲ
လက်ညိုးငေါက်ငေါက် ထိုး စွပ်စွဲလာရင်
မျက်ရည်ပေါက်တွေ မထိခင်...
လွတ်အောင်ရှောင်တိုးမိမယ်
မငိုချင်ဘူး လို့ ပြောထားရက်နဲ့

ဓားမြိုပြတဲ့ ပညာရှင် မဟုတ်လည်း...
အချစ်နောက်ဆက်တွဲ စီရင်မှုကို အလားလိုက် မြိုချခဲ့ရတယ်
ပုလင်းဖန်ကွဲစားတဲ့ ပညာရှင် မဟုတ်လည်း...
အချစ်နောက်ဆက်တွဲ အနာတရကို တကျွတ်ကျွတ် ၀ါးစားခဲ့ရတယ်
မီးတောက်ကစားတဲ့ ပညာရှင်မဟုတ်လည်း
အချစ်နောက်ဆက်တွဲ လောင်မြိုက်ခြင်းကို ရေမစွတ်ပဲ ပွတ်သပ်ကျွမ်းဝင်ခဲ့ရတယ်

နောင်ဘ၀ထိ အိပ်မက်မက်ခဲ့ကြတဲ့
ဘ၀အဆက်ဆက် ချစ်ပြမယ့် ချစ်သူတွေ တဲ့
လိုအပ်ချက်က သမုဒ္ဒရာကြီး ဖက် ရေငတ်နေပြီ။

လက်ဝါးစောင်းထက်လို့ နှာခေါင်းသွေးထွက်တာထက်..
ကျိုးကြောင်း မဆက်ပဲ သူစိမ်းလို ကြိမ်းမောင်းရက်တာကြောင့်
၁၀ဆ ဂျွန်းပြန်... ဝေဒနာ တိုးတယ်
ပိုးဖလံဆိုရင်တောင် အနိမ့်ကျဆုံး အမျိုးထဲက..ဖြစ်မယ်။

ကိုယ့်အတတ်နဲ့ ကိုယ်စူး
ကိုယ့်အချစ်နဲ့ ကိုယ်မူး
သူနဲ့  တွေ့မှ ကိုယ်ရူးသွားတာ..

တောင်းပန်လည်း မထူးပါဘူး။
မနေ့ကဆူး... ဒီနေ့မှာ စူးချက်
မနက်ဖြန် ကျက်မှာပေါ့
(ကျေးဇူးပြု၍) ကာလ၃ခုစလုံးကို လက်ခံနိုင်မှ
ကိုယ့်ကို မင်းချစ်လှည့်တော့...။ ။

မှူးဒါရီ

3 comments:

emayarKhin said...

ဒီကဗျာလေးတော်တော်ကောင်းတယ်....
ဟတ်ထိတယ်....ဟတ်ထိတယ်....
မှူးရေ..............

ဆောင်းယွန်းလ said...

ကိုယ့်အတတ်နဲ့ ကိုယ်စူး
ကိုယ့်အချစ်နဲ့ ကိုယ်မူး
သူနဲ့  တွေ့မှ ကိုယ်ရူးသွားတာ..

တောင်းပန်လည်း မထူးပါဘူး။
မနေ့ကဆူး... ဒီနေ့မှာ စူးချက်
မနက်ဖြန် ကျက်မှာပေါ့
(ကျေးဇူးပြု၍) ကာလ၃ခုစလုံးကို လက်ခံနိုင်မှ
ကိုယ့်ကို မင်းချစ်လှည့်တော့...

စကားလုံးလေးတွေသိပ်မိုက်...ကဗျာလေးကိုကြိုက်တယ်ညီမရေ

mgngal said...

နောင်ဘ၀ထိ အိပ်မက်မက်ခဲ့ကြတဲ့
ဘ၀အဆက်ဆက် ချစ်ပြမယ့် ချစ်သူတွေ တဲ့
လိုအပ်ချက်က သမုဒ္ဒရာကြီး ဖက် ရေငတ်နေပြီ။
သမုဒ္ဒရာကြီး ဖက် ရေငတ်နေပြီ ...သမုဒ္ဒရာကြီး ဖက် ရေငတ်နေပြီ အဲဒီစာသားလေး အရမ်းကြိုက်တယ် အစ်မ ။
ကဗျာတွေ လန်းတယ် ။ ရင်ဘတ်ကြီး နှစ်နှစ်ပြီး ရေးတယ် ဟုတ် ။ :)