Tuesday, June 23, 2009
“ထစ် ချုန်း မိုး”
နင့် အရိပ်အကဲကို ကြည့်ပြီး
နှုတ်ဆိတ် နေရတဲ့ ညတိုင်းမှာ
သက်ပြင်းတွေကတောင် ဖျဖျလေး မှောင်မိုက်နေခဲ့ရဲ့ 
တမ်းတ ပြင်းလွန်းလို့...
ကွဲဟ လာတဲ့ နှုတ်ခမ်းပါး တွေ အသာအယာပြန်စေ့
လည်ပြွန်တလျှောက်..
စကားလုံးတွေနဲ့ ခြောက်သွေ့ဆို့နင့်လာတိုင်းလည်း
တကျော့ပြန် အတိတ်ထဲ
(ငါဟာ) အရိပ်သဏ္ဍာန် လွင့်ပါး
နင်မပါတော့တဲ့ မနက်ဖြန်တွေကိုေ၀၀ါးပစ်လိုက်ချင်တာပဲ သိတော့တယ်
ကံကြမ္မာ ခြေသလုံးကို ဖက်ထားတဲ့
ဝဋ်ကြွေး ကြောင့် အေးခဲနေတဲ့ ငါ့လက်တစုံအတွက်
အစွဲအလမ်းဖြည် တဲ့ဆေး
နင့်မှာ မခဲယဉ်းပေမယ့်
ကျန်တဲ့ ဘ၀တခြမ်း ပုတ်သွားအောင်
ကျောသတ်ဆက်ဆံရေးတွေ စွမ်းလွန်းတော့
မာနတွေ အပိုးကျိုးကြေခဲ့တာပဲ ကြည့်...................
မသိရဲ လို့ မသိခဲ့တာပဲ ရှိမယ်
နင် ချည်ခဲ့သမျှ သံယောဇဉ်နဲ့
နင် ဆော့ကစား နေကျ ကြိုးကွက်တွေအောက်
ငါ့လိပ်ပြာဟာ ကြိမ်ဖန်များစွာ သေဆုံးပြီးနှင့်နေခဲ့ မှာပါ
စိတ်ပင်ပန်းလို့
မျက်ခွံကို ပိတ်ချလိုက်တဲ့အခါ
အိပ်ပျော်သွားဖို့ပဲ (ဒီတခါ) ငါ လိုချင်တော့တယ်
နိုးတ၀က် အိပ်မက်ထဲကို ၀င်မလာခဲ့ပါနဲ့
အပြင်မှာ ညိုနေခွင့်ပဲ ရမယ့်
အလွမ်းဆိပ်တွေက.........
ရင်ဘတ်ထဲမှတော့ ထစ် ချူံး မိုး ရွာ နေလိမ့်မယ်...။
မှူးဒါရီ
စာကြွင်း။ ။ တိုက်ဆိုင်စွာနဲ့ပဲ နာမည်ကြီးသီချင်းတပုဒ်ရဲ့  ခေါင်းစဉ်ကို ယူသုံးထားကြောင်း အကဲ့အရဲ့လွတ် ၀န်ခံပါရစေ။
Saturday, June 20, 2009
“အဲလောက် ခက်တယ်”
တယောက် ကျောပေးထားတဲ့ အရပ်ကို
တယောက် မျက်နှာမူထားရတာ... ဘယ်လောက် ခက်လဲ
ပေါက်ထွက်မတတ် ယောက်ယက်ခတ်နေတဲ့ ဦးနှောက်နဲ့
နှလုံးသားကို သဲအိတ်ကြီးလို စိတ်ရှိတိုင်း ထိုးချေပစ်လိုက်ချင်ပါရဲ့ .........
အဲလောက် ခက်တယ်။
ပတ်သတ်ခဲ့သမျှ အကိုင်းအခက် နဲ့
မျှော်လင့်ခြင်း ဘေးမှာ ပုံပြီး
ရင်အနာတွေကိုသာ အဆုံးစီရင်ခွင့်ရရင်................................
ရေပွက်သံ ပလုံ တောင် တိုးဖျော့ ပေါ့ပါးနေမှာ ငါ သိတယ်
ဘယ်လောက်.........ခက်လဲ
တိုက်ဆိုင်ချိန်တိုင်းမှာ
တချက်လောက် နောက်ပြန်ကြည့်လာဖို့ အရေး
ပြားပြားဝပ်ပေးခဲ့တဲ့ ငါပါ.....
ယုံနော် ထပ် မပြောနိုင်တော့ဘူး
အဲသလောက် ခက်တယ်....။
မှူးဒါရီ
Thursday, June 18, 2009
“နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့”
(တိမ်တွေဟာ အစဉ်သဖြင့် ရွေ့ လျားနေကြတာပါပဲ။ မျက်တောင်တခတ်မှာ လေဟုန်စီးပြီး ခပ်မြန်မြန်ပြေးတဲ့တိမ်က ပြေးမယ်။ ပုံမှန်လေး အိနြေ္ဒရရ သွားတဲ့ တိမ်က သွားမယ်။ အမြင်အားဖြင့်တော့ သူတို့လေးတွေ ခရီးတော်တော် ရောက်နေပါလိမ့်မယ်။ ဒါပေမယ့် မြန်မြန်ပဲဖြစ်ဖြစ်၊နှေးနှေးပဲဖြစ်ဖြစ်... သူတို့သွားနေတဲ့ ခရီးဟာ ကျယ်လွန်းလှတဲ့ ကောင်းကင်ပြာကြီးရဲ့  ရင်ခွင်ထဲမှာ သာ ဖြစ်နေမှာကိုတော့ သူတို့လေးတွေ သိပါ့မလားပဲ......။)
မိုးလင်းလင်းချင်း ကျနော် လုပ်တဲ့ အလုပ်က သတိရခြင်းပါ။ ဘာကို သတိရခြင်းလဲလို့ မေးရင်...တနေ့တာ လုပ်ရမယ့် အလုပ်တွေကို မှတ်ဥာဏ်ထဲကနေ ပြန်လည်ဆင့်ခေါ် ခြင်းရယ်၊ ၊ ဘယ်လောက်ပဲ အသားကျအောင် ကြိုးစားနေထိုင်လည်း၊ မေ့ပျောက်မသွားတဲ့ ချစ်သူနှုတ်ခမ်းက မိန့်ခြွေဖူးတဲ့အတိုင်း ကျနော်နေ့တွေကို ပုံမှန်လည်ပတ် ရှင်သန်ဖို့ရယ်ပါ။
ကျနော်ကိုယ်တိုင်က လိုလိုလားလား ခေါင်းညိတ်ဝန်ခံခဲ့လို့သာ၊ တကယ်တမ်း သာမာန်ရိုးကျတဲ့အတိုင်း ရှင်သန်နေထိုင်ဖို့ဆိုတာ သူနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်းမှာ၊ ထင်သလောက် မလွယ်ကူခဲ့ဘူး။ သူနဲ့လမ်းခွဲ လိုက်ရတဲ့နောက်ပိုင်းမှာဆို၊ သာပြီးတောင် ခက်ခဲသွားခဲ့ပါတယ်။
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ဘူး။ ပြန်မဖြစ်နိုင်တော့ဘူး။ ဆိုတဲ့ စကား၃ခွန်းဟာ ကျနော်တို့ရဲ့  အတိတ်၊ပစ္စုပ္ပန် နဲ့ အနာဂတ်ပါပဲ။ ယုံမလားလို့ မမေးပါဘူး။ ယုံပါလို့လည်း မတိုက်တွန်းပါဘူး။ တကယ့်ကို မဖြစ်နိုင်ခြင်းကိုမှ ကျနော်တို့ စိန်ခေါ်ကစားခဲ့ကြတာပါ။ ကျနော့်အမြင်မှာက ချစ်လွန်းတော့လည်း မိုက်မဲခဲ့ကြတာပါ။ သူ့ အမြင်မှာတော့ ဘယ်လို ယူဆထားမလဲ ကျနော် မသိဘူးနော်။
ဒီစာကို ရေးနေလက်စမှာပဲ စောနက ဖျော်ပြီးချထားတဲ့၊ ကျနော့်မျက်စိရှေ့ က ကော်ဖီခွက်ကို ကောက်ကိုင်ပြီး မော့ချလိုက်တယ်။ ကော်ဖီက ကုန်နေပြီ။ ကျနော် သတိမထားလိုက်မိဖူး။ ကော်ဖီ ထပ်ဖျော်ရဦးမယ်။ သူရော အိပ်ယာက နိုးနေပြီလား?။ ကွန်ပြူတာရှေ့ ကထလည်းထ၊ တွေးလည်း တွေးရင်း မီးဖိုချောင်ထဲ ရောက်တဲ့ထိတိုင် ကျနော် ဆက်တွေးသွားမိတာ သူ့ အကြောင်းတွေချည်း ဖြစ်နေပါတယ်။
ဒါနဲ့ ဟိုသီချင်းလေးကို သွားသတိရတယ်ဗျာ...။ The Best of Melody World စီးရီးထဲက ကိုထက်နေခြည်ရဲ့  “နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့” ဆိုတဲ့ သီချင်းလေးပေါ့။ ကော်ပီလား ဘာလားတော့ ကျနော် မသိဘူး။ နားထောင်ကြည့်ပါဦး...
Intro: [ D A G ]
(V1)
D Em
ညလေးများ...ကိုယ်အိပ်ပျော်ဖို့ခက်နေ
A D G A
အာရုံမှာ အိပ်မက်များမှာလဲ မင်းမျက်နှာ...
D Bm Em D Em A
ငြိမ်သက်ပြီးစောင့်...ကိုယ့်ရင်ကို တစ်ခါ ပြန် လှုတ်ခတ်ဖို့
G D A Gbsus4 Gb
ဆွဲငင်တဲ့မင်းဟာ...သိပ်ပြီး တန်ဖိုးကြီးတယ်...
(V2)
D Em
မြေပြင်ကမ္ဘာ ဟိုကောင်းကင်ကြီးထက်မှာ..
A D G A
နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့ မင်းပေါ့ကွာ
D Bm Em
ရှောင်လို့ တိမ်းလို့ မလွတ်နိုင်ပါ...
G Em A
ကြုံဆုံတဲ့ မင်းနဲ့ ဘ၀...
G A D Bb C
ရှေ့ ကို ဘယ်လိုများ ရင်ဆိုင်ရမှာ.........
CHO: D G Gbm
နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့ တိုးမိ (တိုးမိ)
Em A D G A
မေ့ပျောက်ဖို့ အားထုတ်မှ ပိုမိုကာ သတိရမိ...
D G Gbm
နောက်ဆုတ်ဖို့ ကြိုးစားရင်း ကိုယ်ရှေ့ တိုးမိ (တိုးမိ)
Em A G D
မေ့ပျောက်ဖို့ အားထုတ်မှ သတိကရနေပြန်မိ
(V2) (CHO:)
Em A D Bm B
အားနည်းချက်တွေရှိလို့ ရှောင်ဖို့ ကြိုးစားခဲ့သူမှာ........
Em E A
အသည်းနှလုံးရဲ့  ခြေလှမ်းကို တားလို့မရပါ
(CHO:)
Music; D Em D G D (Fine)
မှူးဒါရီ မျှဝေခံစားသည်။
Sunday, June 14, 2009
“နှစ်ဦးနှစ်ဖက်”
တည်ငြိမ်လိုရက်
ထွေပြားနေရတယ်
ရပ်တန့်လိုရက်
ရွေ့ လျားနေရတယ်
အဲလိုလေး ယုံကြည်ပါရဲ့ 
ချစ်သူက “မြစ်”...........။
လိုက်ပါလိုရက်
ကျန်ရစ်ခဲ့ရတယ်
စီးမျောလိုရက်
တည်မြဲခဲ့ရတယ်
အဲလိုပဲ ယုံကြည်ပါကွယ်
ကျနော်က
“ကမ်းပါးသစ်ပင်”..........။
မှူးဒါရီ
Friday, June 12, 2009
“သက်ရောက်မှု ကင်းသော”
“သက်ရောက်မှု ကင်းသော”
သွားသာ သွားနေရ
ဘယ်မှလည်း မရောက်ပါလား
ကြာတော့လည်းးး
ကိုယ့် ခရီးကို ကိုယ် သံသယ ဖြစ်လာတယ်
ကိုယ်က လိုက်နေတာလား
သူက ရပ်နေတာလား...
ပြောင်းပြန်လည်း ဖြစ်နိုင်တယ်
မျက်လုံးတွေ ပိတ်ထားတော့လည်း မြင်တယ်
မျက်လုံးတွေ ဖွင့်ထားမိပြန်တော့လည်း မြင်တယ်
မမြင်ချင်လို့
တံခါးချပ်ကို ပိတ်ထားတာတောင်
ကိုယ့်ခေါင်း ထက်မှာ လာပွင့်တဲ့ လမင်းလေး မို့...
ခက်တော့ ခက်နေပါပြီ
ဘာဖြစ်ချင်နေတာလဲ မေးပြီးပြီ
ဘယ်လို ဆက်လုပ်မှာလဲ မေးပြီးပြီ
ဘာကြောင့်လဲ မမေးတော့ဘူး
ဘာတော့လောက် ပြန်လာခဲ့မလဲ မမေးတော့ဘူး
ဘယ်ကိုမှ မသွားချင်တဲ့အတူတူ
ပိုင်စိုးသူ သူ့အနားဆီ ရောက်ဖို့
အဟန့်အတားတွေ ပြယ်ပါစေသား ဆုတောင်းမိရင်
ပျောက်ရှသွားမယ့် ဆန္ဒတခုပဲ ဖြစ်ဦးမှာပါ...
မှူးဒါရီ
သွားသာ သွားနေရ
ဘယ်မှလည်း မရောက်ပါလား
ကြာတော့လည်းးး
ကိုယ့် ခရီးကို ကိုယ် သံသယ ဖြစ်လာတယ်
ကိုယ်က လိုက်နေတာလား
သူက ရပ်နေတာလား...
ပြောင်းပြန်လည်း ဖြစ်နိုင်တယ်
မျက်လုံးတွေ ပိတ်ထားတော့လည်း မြင်တယ်
မျက်လုံးတွေ ဖွင့်ထားမိပြန်တော့လည်း မြင်တယ်
မမြင်ချင်လို့
တံခါးချပ်ကို ပိတ်ထားတာတောင်
ကိုယ့်ခေါင်း ထက်မှာ လာပွင့်တဲ့ လမင်းလေး မို့...
ခက်တော့ ခက်နေပါပြီ
ဘာဖြစ်ချင်နေတာလဲ မေးပြီးပြီ
ဘယ်လို ဆက်လုပ်မှာလဲ မေးပြီးပြီ
ဘာကြောင့်လဲ မမေးတော့ဘူး
ဘာတော့လောက် ပြန်လာခဲ့မလဲ မမေးတော့ဘူး
ဘယ်ကိုမှ မသွားချင်တဲ့အတူတူ
ပိုင်စိုးသူ သူ့အနားဆီ ရောက်ဖို့
အဟန့်အတားတွေ ပြယ်ပါစေသား ဆုတောင်းမိရင်
ပျောက်ရှသွားမယ့် ဆန္ဒတခုပဲ ဖြစ်ဦးမှာပါ...
မှူးဒါရီ
Tuesday, June 9, 2009
“တိုင်တည်ခြင်း၂”
နာကျည်းလိုက် ပြောကြတာကိုလည်း
ခေါင်းညိတ် ခဲ့တယ်
မေ့ပစ်လိုက် ပြောကြတာကိုလည်း
ခေါင်းညိတ် ခဲ့တယ်
“နှုတ်ဆက်ပါတယ် စိတ်မကောင်းပါဘူး”ပြောတာကိုတောင်
တားမြစ်ဖို့ မကြိုးစားမိတော့
သတိရစရာလား ပြောကြတာကိုလည်း
ခေါင်းညိတ် ခဲ့တယ်
ထုံထုံထေးထေး
ငမိုက်မဲလေးပါပဲ ...မေမေ
အရာရာ အဆင်ပြေပါတယ်ဆိုတာ သမီး ညာတာလေ
အချစ်ရေးအချစ်ရာကတော့... မွေးရာပါ ၀ဋ်နာကံနာ ထင်ပါရဲ့ 
အချစ်ပိုး တက်တော့ ကဗျာတွေပဲ ပြေးပြေးဖတ်မိပြန်တယ်
ကဗျာထဲမှာ ဖြေဆေးရှာတာပါ
တချို့  ကလည်း မျှော်လင့်ခြင်း ရိက္ခာ အပြည့်နဲ့
တချို့  ကလည်း တွေဝေရင်း လမ်းခုလတ်မှာ ရပ်
တချို့  ကလည်း ကဗျာကိုက ဖြေဆေးတဲ့
မီးတောက်တွေ ပတ်ချာလည် ၀န်းရံ နေပါရက်
အလင်းရောင်ကို မမြင်ရတာလည်း
အမြစ်မပျက်တဲ့ ကံကြမ္မာဆိုး ပါပဲ
အနာရှိန်နဲ့ နာကျင်နေပြန်ပြီ
အချိန်က အကောင်းဆုံးသမားတော် ပြောကြတာကိုလည်း
ခေါင်းညိတ် ရတယ်
လွမ်းလောက်စရာလားဟယ် ပြောကြတာကိုလည်း
ခေါင်းညိတ် ရတယ်
“ဒီတိုင်းလေးပဲ နေတာ ကောင်းပါတယ်” ပြောတာကိုတောင်
မငြင်းဆိုနိုင်ခဲ့တော့
စိတ်လျှော့လိုက်ပါတော့ကွာ ပြောကြတာကိုလည်း
မှင်သေသေ ခေါင်းညိတ်ရဦး မယ်
ရူးလောက်တဲ့ မျှားစာ ပါကွယ်
ကွယ်ကာ ၀ှက်ကာ မြိန်ကာ ရှက်ကာ
ကြည်နှူးဖူးတဲ့ တူနှစ်ကိုယ် အိပ်မက်တွေကို
မဖြစ်သင့်ဘူး ဖြစ်သင့်တယ်တွေ နဲ့
စည်းနံရံ ခတ်၊ နယ်ကျော်ကြေး တပ် ဖို့ ထက်
မီးပုံပျံလေး လိုပဲ
ကောင်းကင် အဆုံးထိ
မျက်စိတဆုံး ထိုးတက်သွားစေချင်တဲ့ ဆန္ဒ သာ ရှိခဲ့တယ်
မျက်ရည် တွေကိုလေ
ခုလောလောဆယ် ခေါင်းထဲမှာ ၀ှက်ထား
သက်သေ ပြပါဆိုရင်လေ
မာယာ တွေကို အစားထိုး ငိုချ...............
မှန်ရာကို ကျိန်ဆိုပြခဲ့တာ၊ သူကမှ မယုံပဲ
သူနဲ့ကျမှ ချစ်တတ်သွားခဲ့တာပါ........မေမေ
မှူးဒါရီ
“အသွားနှစ်ဖက်”
နေနိုင်သွားလိမ့်မယ် တဲ့လား
အပြောင်မြောက်ဆုံး ဟာသ ပဲ...
ဩော်... ငါ့ကို ရည်ညွန်းတဲ့ စကား မဟုတ်ဘူးပဲ
ဒါဆိုရင်တော့ ဟုတ်တယ်..
နေနိုင်သွားပြီ။
မှူးဒါရီ
Subscribe to:
Posts (Atom)