Saturday, August 29, 2009
”၅ ဒေါ်လာတန်သည်”
နေပူလား
မိုးအုံ့လား
မသေချာဘူး
ဟယ်လို ကြားလား
ကျနော် အခန်းထဲမှာ ပါ။
ရာသီဥတုက ပူတယ်
လူတွေလည်း ပူတယ်
ကျနော်လည်း ပူတယ်
ကူးစက်တတ်တဲ့ သဘောရှိပေမယ့်
သူ့အပူနဲ့ သူ..ပါ။
ဟုတ်ကဲ့...
နေကောင်းပါတယ်
အဆင်ပြေပါတယ်
ဘာမှ မလိုသေးဘူး
ဖုန်းလိုင်းတွေ ပူးနေပြန်ပြီ
ဟယ်လို မကြားရတော့ဘူး။
အဖေ့ဆီက ဖုန်းလာသေးလား
အမေရော နေကောင်းရဲ့ လား
အလတ်မ ဘာလိုသေးလဲ
အငယ်မ ကျောင်းမှန်မှန်တက်..
ကိုကြီးလည်း စာမေးပွဲ အောင်ပါစေ။
အလုပ်ကမခက်ပါဘူး
လိုချင်တဲ့အလုပ်ကျ ခက်တယ်
အချိန်ပိုင်းအလုပ် ၀င်လုပ်တော့မယ်
ဖုန်းကတ်ထဲမှာ ၁မိနစ်ပဲ ကျန်တော့တယ်
ကျသွားရင် ပြန်မဆက်တော့ဘူးနော်။
ဘာမှာဦးမလဲ..
တီ.တီ.တီ။
မှူးဒါရီ
Thursday, August 20, 2009
“ကိုယ်ထင်ရာ ပုလဲ”
“ကိုယ်ထင်ရာ ပုလဲ”
မနေ့က
ဒီကနေ့ ဖတ်ရအောင်ဆိုပြီး
တန်ရာတန်ကြေးထက် အဖိုးတန်တာတွေ စတေးလို့
ကမာခွံထဲက
ကဗျာ တပုဒ် ၀ယ်ခဲ့တယ်
သက်တောင့်သက်သာ အိပ်စက်ရတာထက်
ကဗျာတပုဒ် ဖတ်ရတာ တန်တယ်လို့
ကိုယ်လိုရာ ကိုယ်ဆွဲတွေးပြီး
ဈေးမဆစ်ပဲ ၀ယ်ခဲ့
ကိုယ့်ကြောင့် မဟုတ်ခဲ့ရင်တောင်
ဘယ်သူကြောင့် ဘယ်ဝါကြောင့်
အတွင်းနက်နက်ထိ သိခွင့် မရချင်ဘူး
သွေးသားအဆီအနှစ်တွေ ပေကျံနေတဲ့ ကဗျာဟာ.............
ဒီနေ့မှာ ပထမဆုံး ပွေ့ဖက်ခွင့်ရတဲ့ လရောင်နဲ့ တူရမယ်
ပျော်ရွှင်ခြင်းတွေ ပေါက်ဖွားခွင့် ရတဲ့ စက္ကန့်အပိုင်းအခြားလည်းပဲ ဖြစ်ရမယ်
အပြုံးတွေကို ခြယ်လှယ်ကြီးစိုးတဲ့
လက်လှမ်းမမီတဲ့ ပိတောက်ကိုင်းခက်...ဖြစ်နေက ဖြစ်ပါစေ
ဘာ့တွက်လဲ ဘာကြောင့်လဲ
မျှော်လင့်ချက်နဲ့ မေးခွန်းတွေ မထုတ်ဘူး
တညတာ မတွေ့ရတာထက်...
ကဗျာတပုဒ် ဖတ်ရတာ တန်တယ် သဘောထားပြီး
ကိုယ်လိုရာ ကိုယ်ဆွဲတွေးပါတယ်
ဒါကြောင့်ပဲ မနေ့က ကြိုဝယ်ထားတဲ့ ကဗျာကို
ဒီကနေ့ပဲ ဖတ်ဖြစ်အောင် ဖတ်လိုက်တယ်
ရည်စူးတာတွေ ကြည်နှူးတာတွေ
ပေးပေး မပေးပေး
လှို့ ဝှက်ချက်တွေ ထိုးနှက်ချက်တွေ
ပါပါ မပါပါ
အဆုံးမှာ အဆုံးနဲ့ တူတဲ့ ရသ တခုကိုတော့
ကဗျာ အဆုံးမှာ
ထုံးစံအတိုင်း ရှာဖွေ တွေ့ ရှိရဲ့ ...၊
ပြန်အံမထုတ်တော့ဘူး......၊
ကဗျာနဲ့ တူအောင် ထွင်းထုထားတဲ့
ချဉ်စူးစူး ကြီးပါလားကွယ်...။
မှူးဒါရီ
မနေ့က
ဒီကနေ့ ဖတ်ရအောင်ဆိုပြီး
တန်ရာတန်ကြေးထက် အဖိုးတန်တာတွေ စတေးလို့
ကမာခွံထဲက
ကဗျာ တပုဒ် ၀ယ်ခဲ့တယ်
သက်တောင့်သက်သာ အိပ်စက်ရတာထက်
ကဗျာတပုဒ် ဖတ်ရတာ တန်တယ်လို့
ကိုယ်လိုရာ ကိုယ်ဆွဲတွေးပြီး
ဈေးမဆစ်ပဲ ၀ယ်ခဲ့
ကိုယ့်ကြောင့် မဟုတ်ခဲ့ရင်တောင်
ဘယ်သူကြောင့် ဘယ်ဝါကြောင့်
အတွင်းနက်နက်ထိ သိခွင့် မရချင်ဘူး
သွေးသားအဆီအနှစ်တွေ ပေကျံနေတဲ့ ကဗျာဟာ.............
ဒီနေ့မှာ ပထမဆုံး ပွေ့ဖက်ခွင့်ရတဲ့ လရောင်နဲ့ တူရမယ်
ပျော်ရွှင်ခြင်းတွေ ပေါက်ဖွားခွင့် ရတဲ့ စက္ကန့်အပိုင်းအခြားလည်းပဲ ဖြစ်ရမယ်
အပြုံးတွေကို ခြယ်လှယ်ကြီးစိုးတဲ့
လက်လှမ်းမမီတဲ့ ပိတောက်ကိုင်းခက်...ဖြစ်နေက ဖြစ်ပါစေ
ဘာ့တွက်လဲ ဘာကြောင့်လဲ
မျှော်လင့်ချက်နဲ့ မေးခွန်းတွေ မထုတ်ဘူး
တညတာ မတွေ့ရတာထက်...
ကဗျာတပုဒ် ဖတ်ရတာ တန်တယ် သဘောထားပြီး
ကိုယ်လိုရာ ကိုယ်ဆွဲတွေးပါတယ်
ဒါကြောင့်ပဲ မနေ့က ကြိုဝယ်ထားတဲ့ ကဗျာကို
ဒီကနေ့ပဲ ဖတ်ဖြစ်အောင် ဖတ်လိုက်တယ်
ရည်စူးတာတွေ ကြည်နှူးတာတွေ
ပေးပေး မပေးပေး
လှို့ ဝှက်ချက်တွေ ထိုးနှက်ချက်တွေ
ပါပါ မပါပါ
အဆုံးမှာ အဆုံးနဲ့ တူတဲ့ ရသ တခုကိုတော့
ကဗျာ အဆုံးမှာ
ထုံးစံအတိုင်း ရှာဖွေ တွေ့ ရှိရဲ့ ...၊
ပြန်အံမထုတ်တော့ဘူး......၊
ကဗျာနဲ့ တူအောင် ထွင်းထုထားတဲ့
ချဉ်စူးစူး ကြီးပါလားကွယ်...။
မှူးဒါရီ
Tuesday, August 11, 2009
“...အိတ်ဖွင့်ပေးစာ...”
“...အိတ်ဖွင့်ပေးစာ...”
ဖန်အိမ်ထဲက အလှမွေးငါးတွေ...
မြစ်ကို စိမ်ပြေနပြေ ပြန်မျှားနေကြ သလိုမျိုးးး
ကဗျာရေးသူ က ကဗျာဖတ်သူကို ...
စကားလုံးတွေနဲ့ မထိတထိ မျှားလိုက်တယ်..။
အသားကျရလွန်းလို့ပဲ
စက္ကန့်လက်တံ ရဲ့  ရွေ့ လျားမှုက
လိုတာထက်ပိုပြီး ခြောက်ခြားစရာ ကောင်းနေခဲ့တာလား..
အဆံမပါတဲ့ အသံတွေရဲ့  တာသွားမှုကတော့
ကြားပါများတဲ့ နား ကို အူနေစေတယ်..။
ကဗျာဆရာ ရဲ့  ဇာတ်စင်ဟာ
သူ လိုသလို ခင်းကျင်းထားတဲ့
နုလုံးသား သားသတ်ရုံ .................
မှားယွင်းမှု မကင်းစင်တဲ့ အမှန်တရား
နာရီပိုင်းခြား ရှော့ရိုက် နိုးရတဲ့ စကားလုံးများနှင့် မြူဆွယ်ခြင်း ပဲ။
ဒါပေမယ့်...ကဗျာဆရာရေ
အမှောင်ထဲမှာ တောက်ပချင်ခဲ့ခြင်းအတွက်
အိပ်မက်ဆိုးတွေကို တာလီ ချိုး ခဲ့သူချင်း အတူတူ
အနာက အနာကို စပ်စုတ်နေတာနဲ့ပဲ
ကဗျာကို ကျွင်းလုံးကျွတ် ကျနော် မဟပ်မိတော့ဘူး။
အအေးပတ်နေတဲ့ ကျနော့် ခေါင်းပေါ်ကို
မခေါ်ပဲ ရောက်လာတဲ့ မိုးတိမ်လက်ဆောင်တွေလို...
ချောက်ကမ်းပါးကို ကျောပေး ရပ်နေသူ ခင်ဗျားရဲ့ ရွေးချယ်မှုမှာ
နောက်ဆုတ်နိုင်မယ့် အခွင့်အလမ်း ကန့်သတ်ခံရခြင်း လို့သာယူဆပါ။
မိကျောင်း ၀မ်းဆာ တဲ့ မျက်ရည်...လောက်
မီးထိုးဖို့ မိုးမိထားတဲ့ သစ်ပင်.. လောက်
ပန်းပွင့်ဟန်ဆောင်ထားတဲ့ ကောက်ကျစ်မှု ...လောက်
မစေးကပ်တဲ့ ကဗျာတွေနဲ့
ကျနော့် စိမ့်အိုင်မှုတွေကို မဖားထေးနိုင်လိုက်ခင်
ကြမ်းကျွံဝင် သွားတဲ့ အမှိုက် အဖြစ်ရင်လည်း သတ်မှတ်ပါ။
ဒီ့ထက် သေချာတာ တခုက
ကျနော် အခု မေးမယ့် မေးခွန်းမှာ
အတိတ်ကို ဒေါင့်မတ်ကျ ထိုးခွဲတတ်တဲ့ လွှသွား လေးတောင် မှ
မြုပ်ကွက်ထည့် ထားတဲ့ အကြောင်း....ပဲ။
ကဗျာဆရာရဲ့ 
မျှားစာဟာ....
အဆိပ်လူးထားတဲ့ အပ်ကောက် တချောင်းနဲ့ တူရမယ် ဆိုရင်
မြိုချလိုက်တိုင်း စစ်စစ်ခါသွားမယ့် အရသာလည်း ရှိရမယ် ဆိုရင်
တဆစ်ချိုးကွေ့ ရုံ အဆုံးမဲ့ လိမ့်ဆင်းရခြင်း သဘောသဘာဝနဲ့လည်း ပြည့်စုံရမယ် ဆိုရင်
ရေလွတ်ငါးး ဘယ်နှစ်ကောင်လောက်များ
လက်ခုပ်တရားစီရင် ခဲ့ဖူးပါသလဲ ကဗျာဆရာ..?
မှူးဒါရီ
ဖန်အိမ်ထဲက အလှမွေးငါးတွေ...
မြစ်ကို စိမ်ပြေနပြေ ပြန်မျှားနေကြ သလိုမျိုးးး
ကဗျာရေးသူ က ကဗျာဖတ်သူကို ...
စကားလုံးတွေနဲ့ မထိတထိ မျှားလိုက်တယ်..။
အသားကျရလွန်းလို့ပဲ
စက္ကန့်လက်တံ ရဲ့  ရွေ့ လျားမှုက
လိုတာထက်ပိုပြီး ခြောက်ခြားစရာ ကောင်းနေခဲ့တာလား..
အဆံမပါတဲ့ အသံတွေရဲ့  တာသွားမှုကတော့
ကြားပါများတဲ့ နား ကို အူနေစေတယ်..။
ကဗျာဆရာ ရဲ့  ဇာတ်စင်ဟာ
သူ လိုသလို ခင်းကျင်းထားတဲ့
နုလုံးသား သားသတ်ရုံ .................
မှားယွင်းမှု မကင်းစင်တဲ့ အမှန်တရား
နာရီပိုင်းခြား ရှော့ရိုက် နိုးရတဲ့ စကားလုံးများနှင့် မြူဆွယ်ခြင်း ပဲ။
ဒါပေမယ့်...ကဗျာဆရာရေ
အမှောင်ထဲမှာ တောက်ပချင်ခဲ့ခြင်းအတွက်
အိပ်မက်ဆိုးတွေကို တာလီ ချိုး ခဲ့သူချင်း အတူတူ
အနာက အနာကို စပ်စုတ်နေတာနဲ့ပဲ
ကဗျာကို ကျွင်းလုံးကျွတ် ကျနော် မဟပ်မိတော့ဘူး။
အအေးပတ်နေတဲ့ ကျနော့် ခေါင်းပေါ်ကို
မခေါ်ပဲ ရောက်လာတဲ့ မိုးတိမ်လက်ဆောင်တွေလို...
ချောက်ကမ်းပါးကို ကျောပေး ရပ်နေသူ ခင်ဗျားရဲ့ ရွေးချယ်မှုမှာ
နောက်ဆုတ်နိုင်မယ့် အခွင့်အလမ်း ကန့်သတ်ခံရခြင်း လို့သာယူဆပါ။
မိကျောင်း ၀မ်းဆာ တဲ့ မျက်ရည်...လောက်
မီးထိုးဖို့ မိုးမိထားတဲ့ သစ်ပင်.. လောက်
ပန်းပွင့်ဟန်ဆောင်ထားတဲ့ ကောက်ကျစ်မှု ...လောက်
မစေးကပ်တဲ့ ကဗျာတွေနဲ့
ကျနော့် စိမ့်အိုင်မှုတွေကို မဖားထေးနိုင်လိုက်ခင်
ကြမ်းကျွံဝင် သွားတဲ့ အမှိုက် အဖြစ်ရင်လည်း သတ်မှတ်ပါ။
ဒီ့ထက် သေချာတာ တခုက
ကျနော် အခု မေးမယ့် မေးခွန်းမှာ
အတိတ်ကို ဒေါင့်မတ်ကျ ထိုးခွဲတတ်တဲ့ လွှသွား လေးတောင် မှ
မြုပ်ကွက်ထည့် ထားတဲ့ အကြောင်း....ပဲ။
ကဗျာဆရာရဲ့ 
မျှားစာဟာ....
အဆိပ်လူးထားတဲ့ အပ်ကောက် တချောင်းနဲ့ တူရမယ် ဆိုရင်
မြိုချလိုက်တိုင်း စစ်စစ်ခါသွားမယ့် အရသာလည်း ရှိရမယ် ဆိုရင်
တဆစ်ချိုးကွေ့ ရုံ အဆုံးမဲ့ လိမ့်ဆင်းရခြင်း သဘောသဘာဝနဲ့လည်း ပြည့်စုံရမယ် ဆိုရင်
ရေလွတ်ငါးး ဘယ်နှစ်ကောင်လောက်များ
လက်ခုပ်တရားစီရင် ခဲ့ဖူးပါသလဲ ကဗျာဆရာ..?
မှူးဒါရီ
Saturday, August 8, 2009
”ခုတလော ...လေနေတယ်” အစချီ
တွေးနေမိတာက
သိန်း၃၀၀ ထီပေါက် ရင် ကောင်းမယ်။
သိန်း၃၀၀ ထီပေါက် ရင် ကောင်းမယ်။
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ထီမထိုးပဲ ထီမပေါက်နိုင်တဲ့ အကြောင်းး ..။
ကျန်းမာရေး
ကျန်းမာရေး
နှာစီး ချောင်းဆိုးလေးတောင် မဖြစ်ဘူး။
ဖတ်ဖြစ်တဲ့စာအုပ်က
ဖတ်ဖြစ်တဲ့စာအုပ်က
နံရံ၏အခြားတဖက်၌ (ဂျူး)
ရောက်နေဖြစ်တာက
ရောက်နေဖြစ်တာက
အမေ့နဘေး နားဆီ(စိတ်ကူး လေးနဲ့) ...။
ရေးဖြစ်နေတာက
တပိုင်းတစ ကဗျာယောင်ယောင်တွေ...။
နားထောင်ဖြစ်နေတာက
မေးလ် ထဲကို ပို့ပေးတတ်တဲ့ “For u...” ခေါင်းစီးစာတန်းနဲ့ သီချင်း များ
ရွတ်နေမိတဲ့ကဗျာက
*သင့် ကို နံနက်ခင်းထဲက ထွက်ခွင့် မပြု နိုင်ဘူးး*
ရေးဖြစ်နေတာက
တပိုင်းတစ ကဗျာယောင်ယောင်တွေ...။
နားထောင်ဖြစ်နေတာက
မေးလ် ထဲကို ပို့ပေးတတ်တဲ့ “For u...” ခေါင်းစီးစာတန်းနဲ့ သီချင်း များ
ရွတ်နေမိတဲ့ကဗျာက
*သင့် ကို နံနက်ခင်းထဲက ထွက်ခွင့် မပြု နိုင်ဘူးး*
မှတ်ချက်။ ။ချစ်မကြီး ပို့ ပေး တဲ့ ကဗျာရွတ် သံကို အားကျ၍ လိုက် ရွတ်မိပါသည်။
ဖြစ်ချင်နေတာက
လူဆိုရင်လည်း လူပီပီသသ ဖြစ်ချင်တာ...။
စားဖြစ်နေတတ်တာက
စိတ်ကူးတည့်ရာ..။
သနားနေမိတာက
သနားလွယ်တတ်တဲ့ ကိုယ့်ကိုယ်ကို ..။
လွမ်းနေမိတာက
လွမ်းစရာတွေ မရှိသေး မသိသေးတဲ့ ငယ်ဘ၀..။
မေ့လျော့ပစ်နေမိတာက
မေ့သင့်မေ့ထိုက်တာတွေ ..။
ခါးသက်နေမိတာက
ငွေ ပါမှ ပြီးမယ့် ကိစ္စ တချို့  ..။
တမ်းတနေမိတာက
မတမ်းတတော့သလိုနဲ့ တောင့်တ နေမိဆဲ သူ ..။
ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်လိုချင်တာကို ရအောင် ယူတတ်တဲ့ သူနဲ့
မေ့လျော့ပစ်နေမိတာက
မေ့သင့်မေ့ထိုက်တာတွေ ..။
ခါးသက်နေမိတာက
ငွေ ပါမှ ပြီးမယ့် ကိစ္စ တချို့  ..။
တမ်းတနေမိတာက
မတမ်းတတော့သလိုနဲ့ တောင့်တ နေမိဆဲ သူ ..။
ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်လိုချင်တာကို ရအောင် ယူတတ်တဲ့ သူနဲ့
သူတပါး စိတ်ချမ်းသာဖို့ ကိုယ့် ဆန္ဒ တွေကို စွန့်လွှတ် အနစ်နာခံတတ်တဲ့ သူ...။
ကြိတ်ပြီးအထင်သေးနေမိတာက
နိုင်ထက်စီးနင်း ရှိတတ်လွန်းတဲ့ လောကဓံ။
ဆန္ဒမရှိတဲ့နေရာ
ဆန္ဒ တွေ မပြည့်စုံလာနိုင်တော့ တဲ့ အတိတ် ..။
ဆန္ဒရှိနေတဲ့ကိစ္စ
အလုပ်မြန်မြန် ရဖို့ ..။
မုန်းတီးနေမိတာက
သမုဒယနွံ ။
ကြိတ်ပြီးအထင်သေးနေမိတာက
နိုင်ထက်စီးနင်း ရှိတတ်လွန်းတဲ့ လောကဓံ။
ဆန္ဒမရှိတဲ့နေရာ
ဆန္ဒ တွေ မပြည့်စုံလာနိုင်တော့ တဲ့ အတိတ် ..။
ဆန္ဒရှိနေတဲ့ကိစ္စ
အလုပ်မြန်မြန် ရဖို့ ..။
မုန်းတီးနေမိတာက
သမုဒယနွံ ။
ချစ်နေတာက
အမှန်တရား ..။
စိတ်ပျက်နေမိတာက
ပစ္စုပ္ပန် ..။
အမှန်တရား ..။
စိတ်ပျက်နေမိတာက
ပစ္စုပ္ပန် ..။
စွဲလန်းနေမိတာက
မပိုင်ရသေးတဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေး ..။
လိုအပ်နေတာက
ချွင်းချက် မရှိ တဲ့ သတ္တိ ။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
“မတည်မြဲ တဲ့ လောကကြီး”
ဝန်ခံချင်တာက
အဆင်မပြေဘူး။
စာကြွင်း။ အကိုကြီး အောင်သာငယ် တက်ဂ်လို့ပါ။ လက်ဆင့်ကမ်း တက်ဂ်ချင်တဲ့ သူ ၃ယောက် ရှိပါတယ်။ ၁) အိပ်မက်နက်ကြီး (black dream)။ ၂) ချစ်မ အမရာ။ ၃)နွေညို ( ရင်ခွင်အခန်း ၄ )
မအားတဲ့ ကြားက အချိန်ပေးပြီး ရေးပေးကြမယ် လို့ မျှော်လင့်ပါတယ်။
း)
တက်ဂ်ချင်တဲ့ ညီမ ငယ်တယောက် တိုးလာလို့၊ မသိမသာလေး အောက်ဆုံးမှာ လင့် ထပ်ချိတ်လိုက်ပါတယ်။ သူက ၄) ရွှန်းမီ (စုံစီနဖာ စာမျက်နှာ ပိုင်ရှင်လေး) ပါ..။း)
မှူးဒါရီ
တက်ဂ်ချင်တဲ့ ညီမ ငယ်တယောက် တိုးလာလို့၊ မသိမသာလေး အောက်ဆုံးမှာ လင့် ထပ်ချိတ်လိုက်ပါတယ်။ သူက ၄) ရွှန်းမီ (စုံစီနဖာ စာမျက်နှာ ပိုင်ရှင်လေး) ပါ..။း)
မှူးဒါရီ
Sunday, August 2, 2009
“သစ္စာ ဆိုခန်း”
ငါလား.. ၊အညှာလွယ်ခဲ့တယ်ဆိုရင်
မဟုတ်သေးပါဘူး
အတွယ်အတာတွေ ဖြတ်တောက်ပြီး
မက်မောစွာ ခုန်ပေါက် ဆင်းလာခဲ့
ငါက...
(ချစ်သူအပေါ်)
ထီးရွက်လိုကျင့်ချင် တဲ့ သစ်ခက်လေး သာပါ..။
ငါကလား...? ၊
ခေါင်းပန်း လှန် ရွေးချယ်မှုတွေနဲ့
အလေ့ကျ ပေါက်ရောက်တဲ့ မျိုးစေ့
မဟုတ်သေးဘူး..။
တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ... အိပ်မက်လေးကို
လက်တွေ့  အကောင်အထည်ဖော်ပြဖို့
ငါက...
(ချစ်သူ အနမ်းပွင့်တွေကြောင့်)
အသက်ဝင်လာတဲ့ နှုတ်ခမ်းလေးသာပါ...။
ငါလား...၊ ဝေဒနာတွေကို စုတ်ထိုး
ဆူးတွေကို ကုန်းပိုးထားတဲ့ ခရောင်းလမ်း
မဟုတ်ရပါဘူးကွယ်...
ငဲ့လင့်နေတဲ့ ကွက်လပ်လေးထဲကို
အမြဲစိမ်းလန်းပါစေသား အကြံနဲ့
ငါက
(ချစ်သူ ချမ်းမြေ့ အောင်လို့)
တရစပ် ကျဲဝင်လာတဲ့ နွေအကုန် မိုးဖွဲလေးသာပါ...။
မှူးဒါရီ
Subscribe to:
Posts (Atom)