Sunday, February 21, 2010

“ပြီးစလွယ် မပြောဖြစ်တဲ့ အကြောင်းတွေ”

တခါတလေ အပြုံးလေးတခုက
စကား သိန်းသန်းကုဋေ ပြောတတ်တယ်........။

တခါတလေ ဘာမှ မပြောဖြစ်လိုက်တာကိုက
ပိုမို လေးနက်စွာ သက်ရောက်နေ တတ်ပြန်ရော.........။

တခါတလေ ဆိုပြဖူးခဲ့တဲ့ သီချင်းတွေထက်
ဘာမှပို မထူးခြားတဲ့ အသံလေးကိုပဲ ကြားယောင်နေတတ်တယ်....။

သတိမရသင့်ဘူး ထင်လို့...........
သတိမရချင်ပဲ သတိရနေတာတွေကို
ရိုးသားစွာ ၀န်ခံရန် ၀န်လေးပါတယ်။

မှူးဒါရီ

Sunday, February 14, 2010

"Happy Valentine Day" for ALL........**

"What friendship can offer"

As a powerful medicine..
I shall only cure your heartache
But as a thoughtful friend
I can prevent your heart from breaking again.

Holding out your flaming compassion
And letting go of past which no longer can be restored,
Speaking up your true feelings
And stop hidding from being found by love..

My dear friend.....
Rather than putting away the desire
And insolating one-self from fire,
At times,life is worth to get burn for mistakes
And to learn how to become a better man is one of the greatess gift.

Thus let's us share our joys and pain
As if it's the only way to regconize you will never be alone.

Thus do welcome me walking into your life...............
who watch over you from far,
Who would shine as stars in your endless sky,
Of no matter who or where you're.

Mhu DArye.


”ခင်မင်ခြင်းက ပေးနိုင်သမျှ”

ကုသမှု အပြင်းစား ဆေးဝါးတွေက
မင်းရဲ့  အသည်းကွဲဒဏ်ရာကို အခိုက်အတန့် လောက်ပဲ သက်သာစေမှာ
မင်းရဲ့  သူငယ်ချင်း တယောက်အဖြစ်နဲ့
နောက်တခါ မင်းအသည်းမကွဲအောင်လည်း ငါ ကာကွယ်ပေးနိုင်ပါရဲ့ ...။

မင်းရဲ့  အကြီးအကျယ်ဆုံး မျှော်လင့်ချက်တွေ ပြန်လည် ၀င်းလဲ့တောက်ပဖို့
ပြန်လည် ပြင်ဆင်၍ မရသော နေ့ရက်ဟောင်းများကို မင်း ပစ်ပယ် လိုက်ပါ
စိတ်ရင်းစိတ်မှန်နဲ့ ရိုးသားစွာ ကျင့်ကြံပြီး
ချစ်ခြင်းတရားက မင်းကို ရှာဖွေတွေ့ ရှိမှုအပေါ် ကြည်ဖြူစွာ ခံယူသင့်ပါပြီ။

ချစ်ရပါသော သူငယ်ချင်း...
အလိုဆန္ဒများကို ကွယ်ဝှက်ပြီး၊ မီးနဲ့ ဝေးရာမှာ ပုန်းအောင်းနေရတာထက်
တခါတရံ အမှားတွေက ပေးတဲ့ ဘ၀ သင်ခန်းစာတွေကို နာခံပြီး
ဘယ်လို ပိုမိုကောင်းအောင် ကြိုးစားနေထိုင်သင့်ကြောင်း သိခြင်းဟာ
အဖိုးမဖြတ်နိင်သော လက်ဆောင် တခုပါပဲ။

ဒါ့ကြောင့်
မင်းတယောက်တည်း မဟုတ်ဘူးဆိုတာကို သိနိုင်ဖို့
ပျော်ရွှင်ခြင်းဖြစ်ဖြစ်၊
ဝမ်းနည်းခြင်းဖြစ်ဖြစ်.. ငါတို့ မျှဝေခံစားရအောင်...

ဒါ့ကြောင့်...
မင်းဟာ ဘယ်လို လူမျိုးဖြစ်နေပစေ၊
ဘယ်လောက် ဝေးသော အရပ်မှာ ရှိနေပစေ
ကြယ်တစင်းလို အဆုံးအမဲ့ မင့်ကောင်းကင်ယံ၌ လင်းလက်လို့
မင်းအပေါ် အခါမလတ် ဂရုတစိုက် ရှိပေးမယ့် ငါ့ကို
မင်းဘ၀ ထဲ ၀င်လာခြင်းအားလက်ကမ်း ကြို ဆို လှည့်ပါ..။

မှူးဒါရီ

Tuesday, February 2, 2010

“အစိမ်းရောင်တွေ ရွာချတဲ့ ညနေ”

၅မိနစ်စာ ငြိမ့်ငြိမ့်လေး လောင်ကျွမ်းလိုက်ရုံ
ဘ၀ တခုစာ ပြာမှုံလို ကျန်ရပြန်ပြီ ကျော်..................

အလုအယက် ရှုပ်ထွေးသွားတဲ့ ထွက်သက်တွေထဲ
နာကျင်ခြင်းတွေ တစကနေ နှစ်စ၊
နောက်ထပ် တစပြီး မက တစ...
ဘယ်ကစပြီး ၀မ်းနည်းရမှန်း မသိတော့အောင်ပဲ...။

မလှုပ်ခတ်ပဲ နေနိုင်ရိုးလားကွာ
မင်းအထိအတွေ့မှာ
ဖျတ်ဖျတ်လူးအောင် လွင့်နေမယ့် ငါက
စွယ်တော်ရွက် တခြမ်းပဲ့လေးလေ

လေးနက်ခဲ့ဖူးတာတွေ
လွယ်လွယ်တော့ ဘယ်မေ့မှာလဲ ပြီးရင်၊
နှုတ်ဆက်ထွက်ခွာသံနောက်က
အိုကေ ဆိုတဲ့ ငါ့နှုတ်ခမ်း တုန်များသွားသေးသလား.............?

မျက်တောင်မခတ်ဝံ့လို့
ခေါင်းမော့ပစ်လိုက်ရတဲ့ အချိန်မှာတောင်
ငါ့ကိုငါ မုန်းတာထက်၊
မင်းကို ချစ်တာက ပိုမှာပါ...။

မှူးဒါရီ