တခါတလေ ဆိတ်ဆိတ် နေမိရခြင်းအကြောင်းရင်းက ဆူညံစွာ ခံစားနေရလို့ ဖြစ်တယ်။ (ရွှန်းမီ)
မလိုအပ်တော့သယောင်နဲ့ လိုအပ်နေတာက ဘာများလဲ?
ဆန္ဒ ရှိနေတဲ့ လိုအပ်ချက်တွေထဲက
မလိုအပ်တဲ့အရာ၊ မအပ်စပ်တဲ့အရာ၊ မလိုသင့်တဲ့အရာ ...
အတော်များများ ဖယ်လိုက်ပြီးရင်
လိုသလို မဖြစ်နိုင်တဲ့၊ ဖြစ်နိုင်တာကိုသာ လက်ခံ လိုအပ်နေရတဲ့
အလိုချင်ခံ လူသားတယောက်ပီပီ ကျွန်တော် ကျန်တယ်။
ကိုယ့်ဘ၀ကိုယ် ဘယ်ပုံဘယ်နည်း ရှင်သန်ရာမှာ
ဘယ်သူ့  ထောက်ခံ ချက်မှ မလိုဘူး တဲ့.....................။ (အမည်မသိ)
ပြောချင်တာက...
တခါတလေ အသက်အရွယ်ကွာဟချက်ကို ခေါက်ပြီး
၂လက်မပတ်လည် မျက်မှန်ဘောင်အောက်ကနေ
အပြစ်ရှိ တရားခံ တယောက်ကို ကြည့်သလိုမျိုး
မျက်ထောင့်နီကြီးနဲ့ မကြည့်ဖြစ်အောင် နေပါဦး ဖေဖေ။
ကောင်းကင်မှာ တံခါး ရှိမရှိ တောင် မသေချာပဲ
ကောင်းကင်တံခါး တခြမ်း ဖြစ်ဖြစ် ပွင့်လာဖို့ မျှော်လို မျှော်မိရ
ကျွန်တော်ပင်ပန်းလှချည်လို့ ကိုယ့်အတ္တ ကို ဖေးဖေးမမ တဖွဖွ.......(ဟန်နီ)
ဒါနဲ့ပဲ အလုပ်မဖြစ် တော့ဘူး။
လောကကြီးနဲ့ ချီ ပြီး ပြောလာရင် လေပါတယ် အာခံမိရာက အစ
အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေ လွင့်လာရင် တကူးတက မရှင်း ပြတတ်တာက အဆုံး
ပြောနေတာကိုက မပြောသလိုဖြစ်နေတော့
မပြောမိတာတွေက ပြောလိုက်သလို ဖြစ်ဖြစ်သွား...(ကိုမျိုး)
ဆက်၍ ဆက်ရန် များစွာနဲ့
ကျွန်တော့သံသရာ အကုသိုလ်စိတ်ကူးနယ်မှာ လွင့် လွင့် လူးနေပြန်ရော..။
....................
ဖိအားဆတူ တန်ပြန်တွန်းကန်တတ်တဲ့ စပရင်လို၊ ကျင့်ကြံကြတာခြင်းအတူတူ
ကျွန်တော် မလိမ္မာသည့်တိုင် မဆိုးခဲ့ဘူး ဆိုတာလောက်လေးကို
သည်းခံ နားထောင်ပေးဖို့
ရွယ်ထားတဲ့ လက်ကို ဖျောင်းဖျ...
ဧည့်သည်အပေါ် ဧည့်ဝတ်ကျေအောင် ပြုံးတဲ့ အပြုံးမျိုးနဲ့ ပဲ ဖြစ်ဖြစ်
အမှားမကင်းတဲ့ လူငယ်တွေလို့ ဆင်ခြင် ကြည့်ပေးပါဦး ဖေဖေ။
အသွားအပြန် နားလည်မှု နဲ့ သူစိမ်းတွေ ရင်းနှီး သွားကြချိန်မှာ
မိသားစုဝင်တွေကြားက မေတ္တာခေါင်းပါး သွေးအေး တိုက်ပွဲ....
သည့်နောက်..
ကျွန်တော့်ညဟာ မိဘမဲ့ကလေးတယောက်ရဲ့ အိမ်မက်ဆိုးတွေနဲ့
ဘာကွာခြားသေးလဲ?
.................
မိုးတိမ်တောင်ပံတွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
လွတ်လပ်ခြင်း အမှန်တကယ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
မိဘအိမ်ကဲ့သို့ နွေးထွေးသည်ဖြစ်စေ၊ မနွေးထွေးသည်ဖြစ်စေ
တကယ် ပျော်ရသည်ဖြစ်စေ၊ မပျော်ရတော့သည်ဖြစ်စေ
နာကျဉ်းမှုအပေါင်း မီးထိုးထားတဲ့ အင်ဂျင်နဲ့
ဦးတည်ချက်မလိုတဲ့ ဂီယာ တချက် စောင့်ထိုးလိုက်ပြီးရင်
ပုထုစဉ် ပီသစွာ...၊
ကျွန်တော် ပျံ သန်း သွား လိုက် ရုံ လွယ်ပါတယ်
....................
မေ့မေ့ မျက်ရည်တွေကို ဂရုစိုက်လိုက်ပါ ဖေဖေ။
မှူးဒါရီ
Monday, March 15, 2010
Friday, March 5, 2010
“ယုံတမ်း ပြောကြေး အနုပညာ”
“ယုံတမ်း ပြောကြေး အနုပညာ”
(၁)
ဘာတွေ လုပ်ဖြစ်နေလဲတဲ့
အသက်ရှူသံ မျှင်းမျှင်းများ နဲ့ နာမည် ၀ှက်တမ်း ကစားနည်း ကစားဖြစ်တယ်...
(၂)
..................
ဟယ်လို ငါ ပါ...
နင့်အတွေးတွေထဲ အထူးကံ ခံစားခွင့် လူကြီးမင်း မဟုတ်တဲ့ ငါပါ
ဟုတ်ပါတယ် ငါ ပါ...
နင့်အပေါ်နှုတ်ခမ်း နဲ့ အောက်နှုတ်ခမ်းကြား အောက်ဆီဂျင်နဲ့မှ အသက်ရှူချင်မိတဲ့ ငါပါ
ဟုတ်ကဲ့ အဲ့ဒီ ငါ ပါ ပဲ...
ဖွဲ့စည်းပုံအသေကြီးကိုစွဲကိုင်
(နင်ပြောသလို.... )
အနုတ်လက္ခဏာ လှိုင်လှိုင်ကြီးရေးခြစ်ပြတတ်တဲ့
အညံ့စားကျောက်သင်ပုန်းလို ငါ ပါ
နင့်ဆီကို
ဖုန်းစုတ်လေးမှ တဆင့် လွဲလို့
ဆက်သွယ်ရေး ညံ့ဖျင်းခဲ့....................။
(၃)
.............................
မနေ့ညက နင် မော့ကြည့်ဖြစ်တဲ့
ကောင်းကင်မှာ ကြယ်လေးတွေ အရောင်မတောက်ဘူး တဲ့
ကနေ့ည ငါ မော့ကြည့်လိုက်တဲ့
ကောင်းကင်မှာလည်း ကြယ်လေးတွေ မှေးမှိန် သေးကွေး.........
နောက်တနေ့ နောက်တည
နှစ်ယောက်သား အတူ ကြည့်ဖြစ်ချိန် ကျရင်ကောကွယ်...?
(၄)
အလိမ်အညာတွေဆိုပေမယ့်...
အမှန်တရား တ၀က်တိတိ ကပေါက်ကချာနဲ့
ချစ်ခြင်းမေတ္တာ ရောင်းတန်းဝင် ကြော်ငြာ စာတမ်း
ဖျက်သိမ်းကြောင်း ယုံတမ်း ပြောကြေး အနုပညာ...။
(၅)
ကလေးရေ...
............
မသိရဲတဲ့ အဖြေတခု က
မပြောသင့်ဘူး ဆိုတဲ့ အိမ်ခွံထဲ အံဝင်ခွင်ကျဖြစ်လာပြီဆိုရင်
ကိုယ့်ရင် ကိုယ် လျိုသတ် ခြင်းတွေမှာ...
ငါတို့ အကျွင်းတ၀င်ရှိနေဖို့တော့ လိုပါမယ်။
မှူးဒါရီ
(၁)
ဘာတွေ လုပ်ဖြစ်နေလဲတဲ့
အသက်ရှူသံ မျှင်းမျှင်းများ နဲ့ နာမည် ၀ှက်တမ်း ကစားနည်း ကစားဖြစ်တယ်...
(၂)
..................
ဟယ်လို ငါ ပါ...
နင့်အတွေးတွေထဲ အထူးကံ ခံစားခွင့် လူကြီးမင်း မဟုတ်တဲ့ ငါပါ
ဟုတ်ပါတယ် ငါ ပါ...
နင့်အပေါ်နှုတ်ခမ်း နဲ့ အောက်နှုတ်ခမ်းကြား အောက်ဆီဂျင်နဲ့မှ အသက်ရှူချင်မိတဲ့ ငါပါ
ဟုတ်ကဲ့ အဲ့ဒီ ငါ ပါ ပဲ...
ဖွဲ့စည်းပုံအသေကြီးကိုစွဲကိုင်
(နင်ပြောသလို.... )
အနုတ်လက္ခဏာ လှိုင်လှိုင်ကြီးရေးခြစ်ပြတတ်တဲ့
အညံ့စားကျောက်သင်ပုန်းလို ငါ ပါ
နင့်ဆီကို
ဖုန်းစုတ်လေးမှ တဆင့် လွဲလို့
ဆက်သွယ်ရေး ညံ့ဖျင်းခဲ့....................။
(၃)
.............................
မနေ့ညက နင် မော့ကြည့်ဖြစ်တဲ့
ကောင်းကင်မှာ ကြယ်လေးတွေ အရောင်မတောက်ဘူး တဲ့
ကနေ့ည ငါ မော့ကြည့်လိုက်တဲ့
ကောင်းကင်မှာလည်း ကြယ်လေးတွေ မှေးမှိန် သေးကွေး.........
နောက်တနေ့ နောက်တည
နှစ်ယောက်သား အတူ ကြည့်ဖြစ်ချိန် ကျရင်ကောကွယ်...?
(၄)
အလိမ်အညာတွေဆိုပေမယ့်...
အမှန်တရား တ၀က်တိတိ ကပေါက်ကချာနဲ့
ချစ်ခြင်းမေတ္တာ ရောင်းတန်းဝင် ကြော်ငြာ စာတမ်း
ဖျက်သိမ်းကြောင်း ယုံတမ်း ပြောကြေး အနုပညာ...။
(၅)
ကလေးရေ...
............
မသိရဲတဲ့ အဖြေတခု က
မပြောသင့်ဘူး ဆိုတဲ့ အိမ်ခွံထဲ အံဝင်ခွင်ကျဖြစ်လာပြီဆိုရင်
ကိုယ့်ရင် ကိုယ် လျိုသတ် ခြင်းတွေမှာ...
ငါတို့ အကျွင်းတ၀င်ရှိနေဖို့တော့ လိုပါမယ်။
မှူးဒါရီ
Subscribe to:
Posts (Atom)