Sunday, March 23, 2008

“အပူအပင်မဲ့”

စိတ်ကူးနဲ့ ပျော်တတ်လွန်းလို့
မိုးကောင်းကင်တောင်

သောက်မြင်ကပ်နေ…

တောက်တွေ တခေါက်ခေါက်…၊

တွေးနေရရင် ကြည်နူး
အရူးလေးလေ…
ဘယ်သူတွေ ပြောပြော…
တပြားမှ မလျော့နိုင်…၊

ခင်ရင်…
ဘေးမှာ လာနေ၊
ကမ္ဘာပျက်ရင်တောင်…
သူငယ်ချင်းချင်း…ရှောင်မပြေးပါ။

မမြင်ချင်တဲ့သူ
မျက်လုံး မှိတ်ထား…
ငါ့မှာ လူတကာကို ဖြေရှင်းဖို့
အချိန်ပို မရှိဖူး။
အရူးချင်း တမူးပိုရှူတယ်ဆိုဆို
ငါကတော့…
ကဗျာကို ကဗျာလို ရေးနေဆဲ။

လေဟာနယ်ထဲ အောက်ဆီဂျင်ရှာ…
ပင်လယ်မှာ…လက်ပစ်ကူး…
ယုံကြည်ချက်ချင်း မတူရင်…
လာမယှဉ်နဲ့။
ကိုယ်ဘာသာနေ…၊

ကဲ………………….
သီချင်းလေး နဲ့ ရွက်လွှင့်ဖို့
အသင့် ဖြစ်ပလား….
ဒါဆို လာ… သွားကြမယ်…
ဟိုး…သံသရာအပြင်ဘက်က….
မျက်ရည်စက်တွေ မရှိတဲ့ နေရာ။

မှူးဒါရီ


No comments: