Sunday, June 22, 2008

“အချစ်အကြောင်း”

အချစ်အကြောင်းပြောကြမယ်။
မိုးလင်း၊ မိုးချုပ် ခေါင်းချင်းဆိုင်
စိတ်ဝင်စားတဲ့သူ ဘေးနားထိုင်
အချစ်နဲ့ဆိုင်သူတိုင်း ဝေမျှနိုင်တယ်။
အချစ်အကြောင်းပြောပါ။

အချစ်ရဲ့ မျက်ဝန်းတွေအကြောင်း
အချစ်ရဲ့ နှုတ်ခမ်းတွေအကြောင်း
အချစ်ရဲ့ ခြေဖ၀ါးနုနုတွေအကြောင်း
အချစ်ရဲ့ သီချင်းတွေအကြောင်း
မညောင်းမခြင်းပြောကြမယ်။

ကဲလာ အချစ်အကြောင်းပြောကြမယ်။
အချစ်က ရက်စက်တတ်တဲ့အကြောင်း
အချစ်က အေးစက်စက်နိုင်တဲ့အကြောင်း
အချစ်က (တခါတလေ) နွေးထွေးသေးတဲ့အကြောင်း
အချစ်နဲ့ စ၊ အချစ်နဲ့ ဆုံး
တနွေလုံး အချစ်အကြောင်းပဲပြောမယ်လေ။

အ နဲ့ ချစ် ပေါင်းစပ်ထားတဲ့ အချစ်ရာဇ၀င်ထဲ
ချစ် တဲ့ သူတိုင်း အလို့တဲ့။
ပေးဆပ်ချင်တာလည်း ချစ်လို့ပါ။
ရယူချင်တာလည်း ချစ်လို့ပါ။
အချစ်ကို အချစ်က နင်းသတ်
အချစ်ဇာတ်၁ခန်း ရပ်ဖို့ လိုပါသေးတယ်။

အချိန်ရမယ်ဆိုရင်..
အချစ်အကြောင်းပဲပြောကြမယ်။
မျက်ကန်းတွေ လည်းပါတယ်။
သူရဲကောင်းတွေလည်း ပါမယ်။
သောက်ရူးတွေလည်း (လာလေ)...ပါနိုင်တယ်။

အချစ်သန့်သန့် အကြောင်းပဲပြောချင်တယ်။
နောက်ဆုတ်ပေးလိုက်တဲ့ သူတွေရဲ့ ခွင့်လွှတ်ခြင်းအချစ်
ရင်ခွင်ကို ဆုတ်ဖြဲ၊ မျက်နှာလွှဲ လိုက်သူတို့ရဲ့ အချစ်
ဒူးထောက် ခေါင်းငုံ့ လမ်းပျောက်သွားသူတို့ အချစ်
ကဲ...ကဲ
ရသမျှ အချစ်ကိုယူ လောဘကြီးသူတို့ရဲ့ အချစ်
ရန်လို ပြစ်ရှာ အချစ်ကို ဓါးပြ တိုက်တဲ့သူတို့ အချစ်
အချစ်ကြီးလို့ အမျက်ကြီးသူရဲ့ အချစ်
မျက်နှာများတဲ့ ချစ်သူဟောင်းရဲ့ အချစ်
အချစ်သတ်လို့ ကြွှေပျက်ခဲ့တဲ့
အချစ်ကိုတယူသေ လက်ခံထားသူတို့ ၀ိဥာဉ်ဆန်ဆန်အချစ်
အချစ်ရဲ့ လှည့်ကွက်မှာ ကျဆုံးသွားကြတဲ့
အချစ်ကို မြတ်နိုးယုယခဲ့ကြသူတို့ရဲ့ အသက်လိုအချစ်
အချစ် သက္ကရာဇ် ရာစုနှစ်မှာ
အချစ် အကြောင်းပဲပြောကြမယ်။

၂၀နှစ်သက်တမ်းခံတဲ့ ငယ်ရွယ်သူအချစ်...
ငါတို့ရဲ့ ဘ၀ တသက်ခံတဲ့ စိတ်ကူးယဉ်အချစ်
အချစ် အကြောင်းတွေ ထိုင်ပြောကြ
ငါ့တသက်သာ ကုန်သွားရော...
အချစ်အကြောင်းကို သမိုင်းပေး လက်ဆင့်ကမ်း
နောက်မျိုးဆက်တွေက သယ်ဆောင်သွားပြီ။

ဒီမှာ အချစ်အကြောင်းပြောလို့ မကုန်သေးဘူး။
ခံယူမှုတွေ မတူနိုင်တဲ့ အချစ်
အဓိပပယ်အမျိုးမျိုးထွက်နေတဲ့ အချစ်
အတွေ့အကြုံ ကွဲပြား၊ လက်ဖျားခါလောက်တဲ့ အချစ်
အသက်အရွယ် မကြည့်တဲ့ အချစ်
အချိန်နဲ့လိုက်ပြီး မအိုတဲ့ အချစ်
လွန်ခဲ့တဲ့ ၄နှစ်တုန်းက အချစ်
ခုတူတူ မရှိတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချစ်
အချစ်၁ခု ၀င်မွှေသွားတဲ့
အချစ်ရဲ့နားခိုရာ ချစ်တတ်သူ ငါကိုယ်တိုင်ရဲ့အချစ်
အချစ်ချင်း အပ်ကြောင်းထပ်
အချစ်အကြောင်းပဲ
ပျင်းပြီး မုန်းသွားမယ့်
နေ့ရက်၁ရက်အထိ
အချစ်အကြောင်းပြောကြမယ်။

မှူးဒါရီ

No comments: