ဆုန်သင်းပါ ရဲ့သီချင်းလိုပဲ
“တိမ်လို လေလို မင်းအချစ်များကို
ဖမ်းဆုပ်မိတဲ့ ကိုယ့်မှာ”...။
“တိမ်လို လေလို မင်းအချစ်များကို
ဖမ်းဆုပ်မိတဲ့ ကိုယ့်မှာ”...။
အပိုင်ဝယ်ခွင့်မရခဲ့တဲ့ စာအုပ်လေး ၁အုပ်...။
သက်ပြင်းတချက်ချမိလို့
အလွမ်းတဖဲ့ ပဲ့ပါသွား ရ ပြန် ပြီ။
ပြတင်းနားကို ငါမရောက်သေးတော့...၊
မင်နီကြက်ခြေခတ် များနဲ့ မင်းဗလာစာရွက်ပေါ်မှာ..
ဘာ ဝေဖန်ချက်မှ ချမရေးနိုင်ခဲ့တာလေ။
“ဟယ်လို” ဆိုတဲ့ အသံရှလေးက
အပြန်လမ်းမှာ...
ကိုယ့်ဝိဥာဉ်ကို စီးယာဉ်လုပ်ပြန်သွားပေါ့။
ဦးတည်ချက်မဲ့ ထပ် လှန်ကြည့်မိတိုင်း...၊
မင်းအပြုံးက...
အမြဲတမ်း တခြမ်းစောင်း မဲ့ တယ်။
မှူးဒါရီ
2 comments:
အဟမ်း
အဟွတ် အဟွတ်
(ဆောရီး အဖျားမပျောက်သေးလို့ပါ)
ကောင်လေးဆိုတာနဲ့ ထလာပြီးအားပေးသွားတယ်
တို့က ကြိုက်တတ်လို့ပါ(ကဗျာအသစ်ကို)
:P
ခေါင်းစဉ်လေးကို ကြိုက်တယ်အမ ဘူတူပါလိမ့်နော် :P
Post a Comment