Saturday, August 2, 2008

“ဇာတ်ပျက်”


မင်း နဲ့ ငါ
ဇာတ်လမ်း စဆုံး...၊

ဒင်္ဂါးတစ်ချပ် လို
ကျောချင်းကပ်
တိုတိုတုတ်တုတ်
နီးစပ်တယ် ဆိုပါစို့။


ဒါကို
လက်မထောင်ပြီး
အပြောင်အပျက် ကမ်းလှမ်းတဲ့
လူရွှင်တော် က
ဟိုတလောမှ ပင်စင်ယူသွားတဲ့
မြှားနတ်မောင် လက်ပျက်။


မဟန်မှန်းသိလို့
နှလုံးသားထံမှ ထွက်ပြေးမယ့်
အကြံနဲ့ ငါ့ကို
သံယောဇဉ် နဲ့ တုပ်
ပါးစပ်အုပ် ရယ်တဲ့ ကံတရား
လှောင်ဟားဖို့ မကုန်နိုင် မခန်းနိုင်
ခွန်းအားတွေနှင့်
သူ့ အိတ်ပဲ့ကြီးထဲ သဲ့ထည့်ဖို့
အသည်းကို လောင်စာတိုက်ရုံမက
ပန်ကာဂိတ်ဆုံးနှင့် လေကလည်း ပင့်။


သတိလွတ်တာနဲ့
မူးရူးသွားအောင် လှည့်ချင်တဲ့
ကြမ္မာ ကလည်း အရန်သင့်
သတင်းစာ ဖတ်ချင်ယောင်ဆောင်နေ...။


ချစ်ကြတော့တဲ့
ပြစ်ပြစ်ခါခါ ပြောလိုက်တဲ့
မိုက်ခရိုဖုန်းခွက် နှင့်
ဒီဇိုင်းပဲ့ပဲ့ ကိုအချိန် ဗိုက်ရွဲက
အသံကြမ်းကြီးနဲ့ ဖြဲကနဲ အော်
ရော်...လန့်ပါတယ်ဆိုမှ
ဖိအားဒဏ် မခံနိုင်တော့ရင်
အိုရအုံးမယ့်
မင်း နှင့် ငါ့ ဇာတ်လမ်း တဲ့
မျက်စိ တစ်ဖက်လပ်
ကြွေပစ် ဗေဒင်ဆရာကြီး ရယ့်

ဒီမှာ
ကျောချင်းကပ်
ဝေးနေတာ မသိရော့လေသလား။

မှူးဒါရီ

No comments: