Sunday, August 17, 2008

“ရင်ခုန်နှုန်း ၉၀”


သက်ပြင်းလေး
ငွေ့ငွေ့ ချသည်
မသက်မသာ...
ဘာရယ်လို့ မသိ
နေမရ ထိုင်မသာ
ဖြစ်နေမိပြီ။


ဂစ်တာသံ ကို
မကြားတာ...
ဒါပါနဲ့ ဆို
ပြက္ခဒိန် တစ်ရွက်
ကြက်ခြေခတ် ပြည့်
ပုံပျက်ပန်းပျက်
မတ်တတ်ရပ်ပြရ...။


တမ်းတနေကြောင်း
ပြောကောင်းမယ့်
စကားလှလှ တစ်ချို့
ငါ့ ကလောင်မှာ
အလွမ်း မင် စွတ် သလား..။


တစ်ယောက်တည်း ဆို
ည တိုင်း ဟာ
ည နှင့် မတူအောင်
စိမ်းစိမ်း လန်းလန်း
ပွင့်ရဲ အာရဲ
ပူလောင်တတ်နေ..။


ခုခါတုန်း
စိတ်ကူးကို ပုံတူရေးတောင်
အသံရှရှ မင်းမူ
အိပ်မက်မြစ်ကိုခန်းစေသူရဲ့ လက်
ပန်ချီကား တစ်ချပ် ဖြစ်လိမ့်မယ်။


ဒါ ပုံမှန် ဟုတ်သည်၊
မဟုတ်သည်။
မင်း ဆုံးဖြတ်ကြည့်ပါ အုံး...။
ချစ်လေး...။

မှူးဒါရီ

No comments: