Sunday, October 12, 2008

“ယူကြုံးမရ”

“ယူကြုံးမရ”

မသင်ယူချင်ပါဘူးဆိုမှ

သင်ခန်းစာ က ရှိရသေး.....။

မစွန့်လွှတ်နိုင်သေးတာလည်း
ကိုယ့်ဟာကိုယ် အသိဆုံး

အတ္တတစ်ခွဲသား...........
အစွဲလမ်းမများလှဘူး အထင်ကို
ရေပက်မ၀င်အောင် ကလိ

ကျပ်တည်းပါတယ်ဆိုမှ
အနာပေါ်ဒဏ်ရာဆင့် ကျပ်စည်း
အဲဒီ သင်ခန်းစာကြီးပေါ့.............

အသက်ရှူ မ၀အောင် သင်ပြန်ပြီ...။

ထားတော့......
ကိုယ်ကလည်း ကိုယ်ပဲ
ပြန်မရတော့တာကိုမှ အံခဲမိရ
ဒီတစ်ညလည်း.. ရင်ကြိုးညှိရင်း မိုးလင်းသည်။

မှူးဒါရီ

1 comment:

MA Reader said...

ဂွဒ်
ကဗျာကကောင်းတယ်
နောက်တခါမိုးမလင်းစေနဲ့ အိပ်ပစ်လိုက်
မိုးလင်းမှကြိုးထ ရှင်း ပေါ့ကွာ