Wednesday, November 12, 2008

“လူဂွစာရဲ့  အမြင်၊ မကျေနပ်လျှင် လာမဖတ်ပါနှင့်”



ဗယ်ဂိုဏ်းနဲ့ ညာဂိုဏ်း
အမှန်တရားအတွက် စိုင်းပြင်းသတဲ့
မြူကွယ် တံတားအောက်
ကြားထဲက အမည်မဲ့တွေသာ

လုံးပါးပါးနေတာ အသေအချာပဲ

ရှုံးနှိမ့်ပြီးသား သုံ့ပန်းကို
လက်နက်ချခိုင်းသံ..
ထပ်မကြားခံနိုင်ဘူး အမေ...


ကျောပြင်မှာ ကြာပွတ်ရာ မကျန်ပေမယ့်
ဝမ်းတစ်တွာနဲ့ ၀မ်းဟာတဲ့အာရုဏ်ဦး
အမှန်အမှား ခွဲခြားသိတတ်ဖို့ မပြောနဲ့
သူ့ဘာသာတောင် အခြေမဟန်ဘူး။

မျက်လွှာမပင့်ရဲတာလည်း မပြောနဲ့
ပါးစပ် အာစေးကပ်နေတာလည်း မပြောနဲ့
အလင်းဆီမလျှောက်ဖို့
ခြေထောက်ကို ရိုက်ချိုးထားတဲ့ သူတွေ ရှိသလို
အလင်းဆီ ရောက်ဖို့
တောင်ဝှေးတစ်ချောင်းလောက်
ခေါင်းခံမယ့် သူတွေလည်း မရှိဘူး။

ဘယ်မှာလဲ စွမ်းစွမ်းတမံ ကြိုးပမ်းမှု?
ဘယ်မှာလဲ တိုးတက်ပါတယ်ဆိုတဲ့ မြင်ကွင်း?

ဘယ်ထောင့်က လှည့်ကြည့်ကြည့်...
အနာဂတ်အသေနဲ့
ကိုယ့်ခန္ဓာထက် ပိုလေးတဲ့ဝန်ခြင်းကို
ကလေးခမျာ ထမ်းထားရှာတယ်
မတန်တရာ ရှူ့ ခင်းပဲ မြင်တယ်။


ဒီတစ်ခါဆိုရင်
အချိန်အခါနဲ့ အလိုက်...
ငါ့အမြင်ကို ဒီဂရီ လှည့်ပေးမှပဲ

တတ်နိုင်သလောက် လုပ်ပေးချင်တယ်
ပြောရတာနဲ့တင်
ရှက်မိနေတတ်ပြီ အမေ...



သူ့ကံကြမ္မာ နဲ့သူ ဆိုပြီး
ရေနစ်သူကို ၀ါးကူထိုး...

ပြီးရင် အပိုးကျိုးကျိုးလေးပြော
သင်ထားတဲ့ ပညာနဲ့

ကီးမကိုက်အောင် တောကျတဲ့အမြင်

ငါရင်လည်း မိုက်လို့ပဲ။



မိသားစုဆိုတာ ရှိကြတာပဲ

ကိုယ့်မိသားစုကိုသာ ပြန်ငဲ့ကြည့်တတ်မယ်ဆို

လူတိုင်း မေတ္တာမခေါင်းပါးတဲ့

အိမ်ပေါက်စေ့ ဘုရားသခင် ဖြစ်ကြပါစေ။


အောင်မြင်မှုကို စွန့်

ခုတစ်ဘ၀..
သူတပါးအကျိုးဖို့ ဆိုရင်
အဲဒီသူ ဘုရားသခင်ထက် မြတ်ပါစေ။

ထောင်မြင် ရာစွန့်

ခုတစ်ဘဝ
လူအများအရှိခိုးခံသက်သက်ဖြစ်ဖို့ ဆိုရင်
အဲဒီလူ အ၀ီစိ ကျိုးကပ်နေမှာ စိုးတယ်။




တိုက်ဆိုင်မှု မရှိတဲ့အခါ
ကိုယ့်အတွေးကိုယ့်အထာနဲ့ မငြှိတဲ့အခါ
တွင်းဝမှာ လာမဆဲရေးပါနဲ့

ငါလည်းပဲ အမှန်အမှား သိပ်ခွဲခြားမမြင်တတ်တဲ့
တွင်းနေ လူ့ဂွစာ တစ်ကောင်ဖြစ်တယ်။



အဖြစ်သင့်ဆုံးကို ရှာကြည့်ရင်း

ဝင်္ဂဘာထဲမှာ ပြောင်းပြန်ခလုတ်ထိနေတုန်း
ရုပ်တိမရှိတဲ့ အရိပ်ယောင်တွေ
တောင်စွယ်နေကွယ်ရင်...

အမှောင်ထဲက တိုးလု ထွက်လာကြ

တွေ့ ပြီ ဗျ တွေ့ ပြီ...

အချစ်နဲ့စစ် နောက်ကွယ်က

မတရားတာမရှိ အမိန့်ရနယ်ပယ်
မြေဇာမြက်တို့ အေးဆေးစွာ ရှင်သန်ပေါက်ရောက်ရန်
မဖြစ်နိုင်သေးဘူးတဲ့


တစ်ဘ၀စာ သက်ပြင်းအချဆုံး ...
တစ်ကမ္ဘာလုံးနဲ့ယှဉ် စံချိန် တင်လောက်တဲ့
အသက်မျှဉ်းမျှဉ်းကို ပိုင်ထားတယ်.....အမေ


မှူးဒါရီ

1 comment:

mgngal said...

သူလည်း လူ့ ဂွစာ လုပ်နေတာကိုး ။ ခေါင်းစဉ်မြင်တာနဲ့ တင်
ဖတ်ချင်နေပြီ ။ ဟီး
ကောင်းတယ် ။ချတာချ ။ဒါမှလည်း ဘ၀က အရောင်ပိုစုံမှာ။
:D