Saturday, November 15, 2008

“ဝေဒနာ နံပါတ် ၁”

“ဝေဒနာ နံပါတ် ၁”

အပြုံး မှာတောင်
အမဲ့ တွေ နဲ့ ပါလား

သုံမှုန်နေတဲ့ ကိုယ့်မျက်နှာကို
မှန်ထဲ မကြည့်ချင်တော့
ခေါင်းငုံမိရ

ကိုယ့်အရိပ်ဟာ
လက်ကောက်ဝတ်ချည်
ကြိုးတစ်ချောင်းနဲ့……………………..

နှလုံးခုန်သံကြားလိုက်တိုင်း
သွယ်ဆက်တဲ့ အဲဒီကြိုး
ဆတ်ကနဲ တင်းသွားမယ်

လက်ဖ၀ါး ဖြူရော် သွေးဆုတ်
သွေးကြောကနေ သွေးစုပ်ယူတဲ့
ကြိုးစ နောက်တစ်ဖက်ကကော
လွတ်ထွက်မသွားအောင်
နံရိုးမှာ အသေအချာ ချည်ထားပါ့မလား……………..

ဝိဥာဉ် တစ်ခြမ်းရှာတယ် ဆိုတာ
စပ်ဖျဉ်းဖျဉ်း ဝေဒနာနဲ့
ချစ်သူကို လွမ်းတာလောက်
ခက်ခဲမယ် မထင်ဘူး။


မှူးဒါရီ

2 comments:

ATN said...

နံပတ်-၁ ဆိုတော့ အများကြီး လာဦးမယ့် သဘောလား...
ပထမဆုံး ဝေဒနာတော့ မဟုတ်လောက်ဘူး...

တခါတခါမှာလည်း တချို့အရာတွေက ခက်ခဲတတ်ပါရဲ့...

အစစ အဆင်ပြေပါစေ....

mgngal said...

ဝိဥာဉ် တစ်ခြမ်းရှာတယ် ဆိုတာ
စပ်ဖျဉ်းဖျဉ်း ဝေဒနာနဲ့
ချစ်သူကို လွမ်းတာလောက်
ခက်ခဲမယ် မထင်ဘူး။

ဟုတ်ပ မှန်ပ ။ ကောင်းလိုက်တဲ့ နှိုင်းယှဉ်ချက် ။ ကြိုက်တယ် ဒီကဗျာလေးလည်း ။ ဒါနဲ့  ကြိုးတွေ ရှုပ်ကုန်ဦး
မယ် ။ ခင်လို့ သတိပေးတာနော် ။ :P