Thursday, November 20, 2008

..သ၀ဏ်လွှာ..

     ..သ၀ဏ်လွှာ..

လက်ဆုပ်လက်ကိုင် ပြစရာမရှိသည့်တိုင်
မပေးပဲ ရခဲ့တဲ့...
ဇူလှိုင် တစ်ညဆီက
စွယ်တော်ရွက် ယုံကြည်ချက်များ အကြောင်း
ချစ်သူ စိတ်ကြည်အောင်...
နှလုံးသားနဲ့ သက်သေထူဝံ့တယ်။

အသည်းကြား ညှပ်သိမ်းထားခဲ့
နှစ်လွှာပေါင်းတစ်ရွက်...
ပြားချပ်ချပ် ခြောက်သွေ့လေးမှာ
မျှော်လင့်ခြင်း တစ်ပုံကြီး
အုံခဲရွတက် နေတာများ......
စာရွက်သား ပေါ်ကနေ
ကောက်ယူဖယ်ရှားပစ်ခံရရင်လည်း
အရာထင်ကျန်ရစ်မယ့် ချစ်ခြင်း
သွေးကြောထဲ သက်ဆုံးတိုင်
စီးဆင်းနေဦးမယ် လို့ရယ်...
... သိအောင် ကဗျာလည်း ရေးထားတယ်။

မှူးဒါရီ

No comments: