Tuesday, December 2, 2008

”ထောင့်ချိုးပိတ်”

ဒဏ်ရာဒဏ်ချက်တွေ မယူချင်ဘူး
နောက်ကြောင်းကို လှန်ပြရတိုင်း
မာန်တက်စရာ တစ်ကွက်မှ မရှိ….
အကြံပျက် စိတ်ဓာတ်ကျနေတဲ့
နောက်ခံသမိုင်းပဲ ရှိတယ်။

အန်ထုတ်ရလွန်းတော့လည်း
အံဖတ်တွေထဲမှာ သေလုမျောမျော
ငါ့ ၀ိဥာဉ် ပါသွားပလား
တစ်ခါတစ်ခါ စိုးရိမ်တကြီး ရှာမိရသေးတယ်

ကုန်းကောက်စရာ မာနပဲ ကျန်တော့ရင်
အုတ်ကြားမြက်ပေါက်…
ဘ၀င်မောက်နေတယ်လို့
လျှာရိုးမဲ့ ပါးစပ်ပုပ်တွေကို
ငါ့ကိုငါ အနာခံ ပစ်ပေါက်ပစ်မိတော့မယ်။

ဒူးထောက်ထားတိုင်း
ကြောက်တယ် မထင်နဲ့

စံတလှည့် ခံတလှည့် တွေမှာ
တန်ပြန်ခွင့်ကို ချိုးခြံချွေတာ သုံးစွဲနေရသမျှ
လမ်းဆုံးလို့ ကြော်ငြာစာ ကပ်တဲ့တစ်နေ့
ဒီတိုင်း လက်ပြ အလျှော့ပေးသွားမှာ မဟုတ်ဘူး။


သေချာကြည့်ထားနော်ဗျ ဟော့ဒီမျက်နှာ
ဒီကောင်လည်း …
ငတေမာမီး ရှို့ တတ်တယ်။

မှူးဒါရီ

2 comments:

mgngal said...

ဟုတ်ကဲ့ သေချာဖတ်ကြည့်သွားပါတယ် ခင်ဗျ ။ :D
မီးတော့ မရှို့ ပါနဲ့  ။ :P

MA Reader said...

ကြောက်ချာကြီး
မှူးကြီးမတ်ရာရဲ့ မရောက်တာကြာလို့ ချောင်းကြည့်တာပါ
သိပ်မကြိမ်းပါနဲ့
ပြန်ပြီ
ဟွန့်