Saturday, January 10, 2009

“အမေသို့…”

“အမေသို့…”

ခန္ဓာကသွေး

စီးဆင်းတိုင်းမှာ…

မွေးမိခင်အား

သတိရသည်။


တစ်မြေစီဝေး

သူစိမ်းတွေ ကြားမှာ

မိခင်ရင်ခွင်

ခိုလှုံ နွေးချင်သည်။


ဘယ်ကို ရောက်ရောက်

ဘာတွေ ဖြစ်ဖြစ်…

အချိန်တန် အိမ်ပြန်

တံခါးဖွင့် ကြိုမြဲ

လောကထဲမှာ …

တစ်ယောက်တည်းပေမယ့်

တုနှိုင်းမမှီ…………..။


မှူးဒါရီ


1 comment:

မမသီရိ said...

အမေ ဆိုတာ..အမြဲ ဒီလို ပါပဲ ..ညီမလေးရေ..
...
ကဗျာ ကောင်းလေး တစ်ပုဒ်ပါ...