Thursday, January 15, 2009

“ကြော်ငြာစာ”


ပြောပြမယ်…

ဖြစ်ချင်ရာမဖြစ်ရတဲ့ အတိုင်း

တဖိုင်းဖိုင်း ခြေချှော်နေရဆဲ

လေလွှင့်လမ်းမထက်က ကျွန်တော်…

ကျွန်တော် ဆိုတဲ့ အပေတေက

ကော်ဖီဆို တော်ပြီ မငြင်းတမ်း သောက်ခဲ့ဖူးတယ်

တစ်ဘ၀စာ ကော်ပြီ ဆိုပြီး…

စကားလုံးကြီးကြီးနဲ့ ရာဇ၀င် လူမိုက်ကြီးလည်း လုပ်ခဲ့ဖူးတယ်

နမိတ်အဖတ်ကျော် အပျော်တမ်း ဗေဒင်ဆရာလည်း သမုတ်ခံခဲ့ဖူးတယ်

ဒါပေမယ့် ဖြစ်ချင်တာက စင်မြင့်ထက်က အနုပညာ

ပါရမီ မပါဘူး…

ခုတော့ ဂစ်တာ တစ်လက်နဲ့

ရင်ခွင် သိုက်ထဲက ကဗျာတွေ တူးနေတယ်…။


ပြောပြမယ်…

ကျွန်တော်ဆိုတဲ့ ရင်ကွဲ ပက်လက်က

အမေ့ဗိုက်ထဲ အူဝဲမအော်ခင် ကတည်းက

အချစ်ကို ဒုတိယ နေရာထား ကိုးကွယ်

အားလုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်..

သိတယ်မဟုတ်လား

ဖြစ်ချင်တာက အပေးသမားသက်သက်

မပြည့်စုံတဲ့ အကန့် တစ်ကွက်အပျက်မှာ

အရပ်ကတို့ရဲ့ ….

အချစ်ဆိုတာ ….

အက်စစ်တတ်တောင် အစားမြန်သေးတယ်

ဒါကြောင့် ခုတော့ ဟိုးထားဆရာ… အမြင်မှန်တွေ ရနေတယ်…။


ပြောပြမယ်…

အသက်က ၂၅

အရပ်က ၅ ပေ ၂…

ပေါင်းလိုက်ရင် အရာရာ လပ်ကီး ၇ လို့ ထင်ချင်စရာ

ဒါပေမယ့် အတွင်းသိ တွေကတောင်

နှုံချာတဲ့ အကောင်ကို ကွယ်ရာမှာ လှောင် ပြောင်ကြ

ဝဋ်ကြွေး တင်ခဲ့ ထင်ပါရဲ့ 

အပြောကြမ်း ကြီးကို

ခွင့်လွှတ် ခင်မယ့်သူကလည်း ဒီကမ္ဘာတခွင် မဲ့

တကယ်ဗျာ ရှိရင်လည်း အတိုးနှင့် တကွ ဆပ်ပါ့မယ်ပေါ့

မျက်နှာငယ် ရိုးကျိုး……..

အထီးကျန် အထမ်းသမားမျိုးက လွတ်အောင်လည်း

ကြိုးစားနေတယ်…။


ပြောပြမယ်..

နေတာက လှေကားထစ်

ဖြစ်တည်ရာက မီးခဲပြာဖုံးတဲ့ ဌာနေ

လူသိများတဲ့ သမိုင်းပေး မြေဇာမြက် သူလို ကိုယ်လို…ကျွန်တော်

လွန်ခဲ့တဲ့ ၈လကျော်လောက်ကစ၊ ကံဇာတာ မြင့်လာတယ် ထင်ပ…

ဖြောင့်ဖြူးတဲ့ စခန်း

နှောင့်ယှက်ဝေးရာ ရပ်ကွက်

တပြားမကုန် တဲ့ ကိုယ်ပိုင်အိမ်…

အမြိန့် သား ထိုင် စာ တွေ ရေး…

အဆင့်တန်းမခွဲတဲ့ ဘလော့ဂ်ရွာ ရှေ့ ၊နောက်၊တောင်၊မြောက်က အပေါင်းအသင်းတွေကြား

အပြိုင်အဆိုင်လည်း ကင်း၊ ရောင့်ရဲခြင်း မှာ

ခုတော့

ကျွန်တော် ပျော်ရွှင် နေတယ်…။


မှူးဒါရီ


4 comments:

ATN said...

ပျော်ရွှင်ဖို့က အရေးကြီးတာပါပဲ... ဘ၀တိုတိုလေးမှာ ချိုမြိန်နေဖို့က အဓိက မဟုတ်လား...

mgngal said...

ကြော်ငြာစာ ဖတ်ရတာ ကော်တာပဲ ။ :D
ကဗျာကောင်းချက်တော့ လက်စောင်းထက်နေတယ် ထင်ပ။
:)

ခေါင်ခေါင် said...

ပျော်ရွင်နေတယ် ဆိုရင် .. တစ်ခြားဘာလိုအပ်သေးလို့လဲ.........

ရေးတတ်လိုက်တာ... ကောင်းလိုက်တာ.. ဗျာ..

Unknown said...

အမေ့ဗိုက်ထဲ အူဝဲမအော်ခင် ကတည်းက

အချစ်ကို ဒုတိယ နေရာထား ကိုးကွယ်........

တယ်စာတဲ့ ဆိုပါလား.... :)