Saturday, March 21, 2009

“မမျှတဲ့ဝန်”


လုပ်ကြပါဦးး
အသည်းနှလုံး က ရင်ဘတ်ထဲက ခုန်ခုန် ထွက်နေပြီ!
သွေးစိမ်းတွေ နဲ့
အလွမ်းစိမ်းတွေ နဲ့
လူးပေ လှိမ့်ကျဲ
အသက်ရှူသံ မြန်လာ........................
“ငြိမ်းချမ်းစွာ လမ်းခွဲကြရအောင် ”
အသံလေး ပြန်ကြားယောင်တိုင်း မှာ
ကိုယ့်ကိုယ်ကို အရမ်းမုန်းတယ်.........။

မှူးဒါရီ

7 comments:

ဆောင်းယွန်းလ said...

လုပ်ကြပါဦးး
အသည်းနှလုံး က ရင်ဘတ်ထဲက ခုန်ခုန် ထွက်နေပြီ

ခံစားချက်တွေပြင်းထန်လှချည့်လား ငါ့ညီမရေ..

Unknown said...

မှူးဒါရီ.....

အလွမ်းတွေက အလွမ်းတွေကို ပြန်လွမ်းတဲ့အထိပေါ့....

အချိန်က ကုစားသွားပါလိုက်မယ်....

ဝေဒနာတွေဖြေသာပါစေဗျာ....

အလွမ်းချင်းကိုယ်ချင်းစာမိတယ်...

ထပ်တူထပ်မျှကို ခံစားမိပါတယ်....

စိုင်းစိုင်းလားရှိုး said...

မမျှတဲ့ဝန်ကို ထမ်းတာ ပင်ပန်းပါတယ်။

အိန္ဒြာ said...

ညီမလေးရေ............

ခုချိန်မှာ..အနာရင်းနေတုန်းချိန်ကွယ့်
တဖြည်းဖြည်း...အနာကျက်သွားပြီး...
အနာရွတ်လေးတောင်မထင်တော့တဲ့အချိန်..

ရောက်
လာ
ဦး
မှာ....

Phyo Maw said...

မုန်းလိုက်ပါ။ ဒါပေမယ့် အချစ်နဲ့ အမုန်းက ခြေတစ်လှမ်းပဲ ကွာတာကို သိပါ။
( သိသလိုလိုနှင့် မန့် သွားသည်။ )
:D cheer

နှင်းပွင့်ဖြူ said...

ုငြိမ်းချမ်းစွာ လမ်းခွဲရအောင်
သူငယ်ချင်းလိုပဲ ဆက်နေရအောင်
အကောင်းဆုံး မိတ်ဆွေတွေလုပ်ရအောင်

ဘယ်ဟာနားထောင်လို့ကောင်းတယ် :P

ရွှန်းမီ said...

မမုန်းပါနဲ့လေ..
အားပေးချင်ပေမယ့် ဒီကလည်း ပေးဖို့အားသိပ်မရှိလို့ ..
တဖြည်းဖြည်း ပျော်ရွှင်လာပါစေ လို့ ဆုပဲ တောင်းပေးလိုက်ပါတယ်..