Wednesday, April 8, 2009

“သို့....ဖြစ်ခွင့်”

သို့....ဖြစ်ခွင့်

အားမာန်တွေ လျော့ရတဲ့အကြောင်း
ဆိုင်ရာ သက်သေနဲ့ ပြပါ တောင်းဆိုခဲ့ရင်
ဘေးနားက ကွက်လပ်လေးကို
လက်ညိုးအလိုလို ထိုးမိတယ်.................။

နွမ်းနယ်နေပေမယ့်
အားငယ်တတ်သူလို့ မထင်စေ့ချင်တာ အမှန်ပါ
လွမ်းရာလေးတွေကိုတော့
အလျင်းသင့်တိုင်း မီးထိုး ဖြန့်ဖြေ..................................

အခုနေမှာ................................
သာကြောင်း မာကြောင်း ပြောဖို့
အပြင်ကနေ ချောမွေ့ စွာ ပြန်ရောက်ကြောင်း ပြောဖို့
မိုးသည်းသည်းနဲ့ လွမ်းစရာ ရာသီအကြောင်း ပြောဖို့
စာဖတ်နေရင်း သတိရကြောင်း ပြောဖို့
ကော်ဖီ ဖျော်ဖြစ်ရင် ပိုဖျော်ထားမယ့် အကြောင်း ပြောဖို့
မပို့ဖြစ်သေးတဲ့ ပစ္စည်းတွေ အကြောင်း ပြောဖို့
သီချင်းဆိုပြရန် အကြွေးကျန်သေးကြောင်း ပြောဖို့
ကဗျာထဲ ...ထည့်ရေးမိပြန်ပြီ ကြောင်း ပြောဖို့
လိုင်စင် ဓာတ်ပုံလေးလည်း လိုချင်သေးတဲ့အကြောင်း ပြောဖို့
တွေ့ ဖြစ်ရင် နောက်ထပ် ခွဲမနေရရေး ကြိုးစားပါ အကြောင်း ပြောဖို့
စိတ်လိုက်မာန်ပါ ခဏခဏ ဒေါသ မထွက်ရန် အကြောင်း ပြောဖို့
အိပ်မရသေးတဲ့ အကြောင်း ပြောဖို့
မိုးလင်းတော့မယ် ဆိုတဲ့ အကြောင်း ပြောဖို့
နောက်ဆို “..” လို့ ခေါ်ပါမယ် အကြောင်း ပြောဖို့
နှုတ်ခမ်းရာလေး ဖိကပ် ဆွဲထင် ပေးလိုက်တဲ့ အကြောင်း ပြောဖို့
..............................................
...............................................
ဘုရားရှင်ထံ ဆည်းလည်းလေး အလှူပြု
အတူကြည်နှူးခွင့် ပြန် တောင်းချင်တယ်...။

မှူးဒါရီ

စာကြွင်း။ ။ စာဖတ်မိတ်ဆွေတွေ နဲ့ မိတ်ဆက်ပေးဖို့ နောက်ကျနေတတ်တဲ့၊ နောက်လည်း နောက်ကျသွားပြီ ဖြစ်တဲ့ ရင်ခုန်သံလေး တခုပါ။ အလိုရှိသလို သုံးသပ်ပါ။

8 comments:

အိုင်လွယ်ပန် said...

ကဗျာလေးလှတယ်ဗျ

အိုင်လွယ်ပန် said...

ကဗျာလေးလှတယ်ဗျာ.............

ဆောင်းယွန်းလ said...

လွမ်းရာလေးတွေကိုတော့
အလျင်းသင့်တိုင်း မီးထိုး ဖြန့်ဖြေ..................................

စာနာနားလည်စွာနဲ့ ခံစားသွားတယ်ညီမရေ

emayarKhin said...

အင်း..မှူး..တို့ကတော့..အပီကိုပဲဖွဲ့ပစ်လိုက်
တယ်ပေါ့.....တော်တော်ကောင်းတယ်..မှူးရေ...
ရေဆာပြေသွားသလိုခံစားရတယ်....

ကြယ်ပြာ said...

ကဗျာလေးတစ်ပုဒ်လုံးနှစ်သက်မိပါတယ် ....

မိုးသား said...

လွမ်းရာလေးတွေကိုတော့
အလျင်းသင့်တိုင်း မီးထိုး ဖြန့်ဖြေ...........................

အလွန်လှတဲ့ သီကုံးမှုလေးပါ..
တကယ်ကို ကောင်းပါတယ်

မိုးသား said...

လွမ်းရာလေးတွေကိုတော့
အလျင်းသင့်တိုင်း မီးထိုးဖြန့်ဖြေ......

အလွန်ကိုလှတဲ့ သီကုံးမှုလေးပါ.
စိတ်ကူးကောင်းသလို
ရေးဖွဲ့ မှု ကောင်းပါတယ်
ခံစားသွားပါတယ် ..ကဗျာကောင်းလေး တစ်ပုဒ်ဖတ်ရလို့ ကျေးဇူးပါ...

နွေညို said...

နောက်ကျမှ ဖတ်ဖြစ်ပေမဲ့ စိတ်ထဲမှာ ဟောင်းမသွားအောင် အမြဲကျန်နေမဲ့ ကဗျာလေးပါဗျာ

ခံစားချက်နဲ့ထပ်တူကျတဲ့အတွက် အရမ်းကြိုက်မိပါတယ်