Sunday, June 14, 2009

“နှစ်ဦးနှစ်ဖက်”


တည်ငြိမ်လိုရက်
ထွေပြားနေရတယ်

ရပ်တန့်လိုရက်
ရွေ့ လျားနေရတယ်

အဲလိုလေး ယုံကြည်ပါရဲ့ 
ချစ်သူက “မြစ်”...........။

လိုက်ပါလိုရက်
ကျန်ရစ်ခဲ့ရတယ်

စီးမျောလိုရက်
တည်မြဲခဲ့ရတယ်

အဲလိုပဲ ယုံကြည်ပါကွယ်
ကျနော်က
“ကမ်းပါးသစ်ပင်”..........။

မှူးဒါရီ

1 comment:

အိုင်လွယ်ပန် said...

ချစ်မိပြီဆိုတဲ့နောက်
ဘယ်အချိန်တိုက်စားမလဲ
စောင့်နေရုံပေါ့ ...