Saturday, August 29, 2009

”၅ ဒေါ်လာတန်သည်”


နေပူလား
မိုးအုံ့လား
မသေချာဘူး
ဟယ်လို ကြားလား
ကျနော် အခန်းထဲမှာ ပါ။

ရာသီဥတုက ပူတယ်
လူတွေလည်း ပူတယ်
ကျနော်လည်း ပူတယ်
ကူးစက်တတ်တဲ့ သဘောရှိပေမယ့်
သူ့အပူနဲ့ သူ..ပါ။

ဟုတ်ကဲ့...
နေကောင်းပါတယ်
အဆင်ပြေပါတယ်
ဘာမှ မလိုသေးဘူး
ဖုန်းလိုင်းတွေ ပူးနေပြန်ပြီ
ဟယ်လို မကြားရတော့ဘူး။

အဖေ့ဆီက ဖုန်းလာသေးလား
အမေရော နေကောင်းရဲ့ လား
အလတ်မ ဘာလိုသေးလဲ
အငယ်မ ကျောင်းမှန်မှန်တက်..
ကိုကြီးလည်း စာမေးပွဲ အောင်ပါစေ။

အလုပ်ကမခက်ပါဘူး
လိုချင်တဲ့အလုပ်ကျ ခက်တယ်
အချိန်ပိုင်းအလုပ် ၀င်လုပ်တော့မယ်

ဖုန်းကတ်ထဲမှာ ၁မိနစ်ပဲ ကျန်တော့တယ်
ကျသွားရင် ပြန်မဆက်တော့ဘူးနော်။
ဘာမှာဦးမလဲ..
တီ.တီ.တီ။

မှူးဒါရီ

7 comments:

emayarKhin said...

အမှန်ပဲနော်...၅ ဒေါ်လာတကယ်
တန်တယ်.......

အိုင်လွယ်ပန် said...

အေးဗျ ...
အင်တာနက် ဖုန်းဆိုဒ်တွေကလည်း ပိတ်ထားတာနဲ့
သေခြာမကြားရတာနဲ့ ...
ဖုန်းကဒ် ကျပြန်တော့ ဈေးကြီး
မလွယ်ဘူးဗျာ ....

ဆောင်းယွန်းလ said...

ရာသီဥတုက ပူတယ်
လူတွေလည်း ပူတယ်
ကျနော်လည်း ပူတယ်
ကူးစက်တတ်တဲ့ သဘောရှိပေမယ့်
သူ့အပူနဲ့ သူ..ပါ။
၅ဒေါ်လာတန်ထဲမှာအပူတွေပါသွားတယ်ညီမလေး

Kaung Kin Ko said...

အင်း။ ကိုယ်ချစ်သူတဲ့သူတွေနဲ့ ဆက်သွယ်ဖို့ ကျတော့ တတ်နိုင်ရင် ဘယ်နှစ်ဒေါ်လာကုန်ကုန် သုံးရမှာပဲလေ။

ကဗျာဦး said...

ကောင်းတယ်
ဘဝဆန်တယ်

Unknown said...

ကဗျာတွေလာဖတ်သွားပါတယ်

Ðaywalker[Soul] said...

လာဖတ်ပါတယ်ဗျာ