Friday, March 5, 2010

“ယုံတမ်း ပြောကြေး အနုပညာ”

“ယုံတမ်း ပြောကြေး အနုပညာ”

(၁)
ဘာတွေ လုပ်ဖြစ်နေလဲတဲ့
အသက်ရှူသံ မျှင်းမျှင်းများ နဲ့ နာမည် ၀ှက်တမ်း ကစားနည်း ကစားဖြစ်တယ်...

(၂)
..................
ဟယ်လို ငါ ပါ...
နင့်အတွေးတွေထဲ အထူးကံ ခံစားခွင့် လူကြီးမင်း မဟုတ်တဲ့ ငါပါ
ဟုတ်ပါတယ် ငါ ပါ...
နင့်အပေါ်နှုတ်ခမ်း နဲ့ အောက်နှုတ်ခမ်းကြား အောက်ဆီဂျင်နဲ့မှ အသက်ရှူချင်မိတဲ့ ငါပါ
ဟုတ်ကဲ့ အဲ့ဒီ ငါ ပါ ပဲ...
ဖွဲ့စည်းပုံအသေကြီးကိုစွဲကိုင်
(နင်ပြောသလို.... )
အနုတ်လက္ခဏာ လှိုင်လှိုင်ကြီးရေးခြစ်ပြတတ်တဲ့
အညံ့စားကျောက်သင်ပုန်းလို ငါ ပါ

နင့်ဆီကို
ဖုန်းစုတ်လေးမှ တဆင့် လွဲလို့
ဆက်သွယ်ရေး ညံ့ဖျင်းခဲ့....................။

(၃)
.............................
မနေ့ညက နင် မော့ကြည့်ဖြစ်တဲ့
ကောင်းကင်မှာ ကြယ်လေးတွေ အရောင်မတောက်ဘူး တဲ့
ကနေ့ည ငါ မော့ကြည့်လိုက်တဲ့
ကောင်းကင်မှာလည်း ကြယ်လေးတွေ မှေးမှိန် သေးကွေး.........

နောက်တနေ့ နောက်တည
နှစ်ယောက်သား အတူ ကြည့်ဖြစ်ချိန် ကျရင်ကောကွယ်...?

(၄)

အလိမ်အညာတွေဆိုပေမယ့်...
အမှန်တရား တ၀က်တိတိ ကပေါက်ကချာနဲ့
ချစ်ခြင်းမေတ္တာ ရောင်းတန်းဝင် ကြော်ငြာ စာတမ်း
ဖျက်သိမ်းကြောင်း ယုံတမ်း ပြောကြေး အနုပညာ...။

(၅)
ကလေးရေ...
............
မသိရဲတဲ့ အဖြေတခု က
မပြောသင့်ဘူး ဆိုတဲ့ အိမ်ခွံထဲ အံဝင်ခွင်ကျဖြစ်လာပြီဆိုရင်
ကိုယ့်ရင် ကိုယ် လျိုသတ် ခြင်းတွေမှာ...
ငါတို့ အကျွင်းတ၀င်ရှိနေဖို့တော့ လိုပါမယ်။


မှူးဒါရီ

4 comments:

အိုင်လွယ်ပန် said...

အသက်ရှုသံမျှင်းမျှင်းများနဲ့
မျှော်လင့်ချက် အသေ
အံဝင်ဂွင်ကျ ဖြစ်နေတဲ့
လျှိုသပ်ခြင်း တုံဏှိဘာဝေ
တစ်ချိန်ချိန်တွင် မည်သို့မည်ပုံ ဖြစ်လာမည်မသိ
တစ်ရံသော အခါ က လက်လက်စူးစူးဂီတ ..။

မူးကောင်းတုန်း မူးကြတာပေါ့ :)
ကောင်းသောနေ့ပါဗျာ :)

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာထဲက ခါးသက်သက်ရသလေး ရလိုက်ပါတယ် မှူးရေ။ စကားလုံးတွေ သုံးသွားပုံက သေသပ်လိုက်တာ...

သွယ်လင်းဆက် said...

ဖတ်ရခဲလေ ပိုဖတ်လို့ကောင်းလေ....

emayarKhin said...

လန်းနေတယ်..စကားလုံးတွေ...