Friday, June 18, 2010

“ဘယ်သန်”


ထင်ထားသလို
ဘယ်တုန်းကမှ သူ မလာရောက်ခဲ့ဘူး


ခုချိန်ထိ တွေ့ချင်တဲ့ သူကို မတွေ့ရသလို
မတွေ့ချင်တဲ့ သူတွေကိုသာ တွေ့ နေရတုန်းပဲ


၁၅ လက်မ ဘောင်ကျဉ်းတခုထဲမှာ
လက်သည်းခွံတခုစာ အခန်းလေး လုပ်ပြီး
အမှတ်တရ ဖြစ်စရာ ဓာတ်ပုံတွေ သိမ်းထားတယ်


ကိုယ်အထိန်းအသိမ်းမတတ်လို့ ပျောက်ပျက်သွားတဲ့
သူ နဲ့ သူ့ အ ပြုံးတွေကတော့
ဘယ်လောက်ဝေးဝေးထိ ရေစုန်မျောသွားမလဲ 


အနားမှာမရှိတော့တဲ့အချိန်ကျမှ နားလည်လာတဲ့ တန်ဖိုးကို
အရင်ကထက် ပို မြတ်နိုး ပါတယ်


ရှေ့ဆက်ဖို့ ဆုံးဖြတ်သူနဲ့
နောက်မဆုတ်ဖို့ ဆုံးဖြတ်သူ ကြားမှာ
သူ့  လက်မောင်းပေါ် ခေါင်းအုံး နားစက်ခွင့်လေး စတေး ခဲ့ ရ ပြီး ပြီ 


ကြင်နာလို့ ပေးတဲ့
ကြေးနီရောင် အသည်းပုံ လည်ဆွဲလေးထဲမှာ
ကိုယ့်ဘ၀တခုလုံးစာ ရင်းနှီး ထည့်ဝင် လိုက်တယ်


ပြည့်ခဲ့ဖူးတဲ့ ကွက်လပ်တွေကို ဆုပ်ကိုင်
ဘယ်ဆီ တိုင်တည်ရကောင်းမှန်း ကိုယ် မသိသေးဘူး။။။။။

မှူးဒါရီ

4 comments:

အမရာ said...

ဘယ်သန်ကိုကြိုက်လွန်းလို့လေ...

သွယ်လင်းဆက် said...

မမှူးရေ ရင်နဲ့နားထောင်သွားတယ်။

Moe Myint Tane said...

အင်းးးးးးးးး...ဘယ်သန်။
ရင်ထဲထိအောင် မှန်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Aung Win Hein said...

What hv i done!!!!!