Tuesday, January 21, 2014

အသံမှာ သွားတွေ တပ်ပေးလိုက်မယ် / ဆိုပါစို့

April 4, 2013 at 12:32am


အသက်မှန်မှန်ရှူတယ် ။ ခရီးဟာ အဝေးကလာခဲ့ရသလိုမျိုး လျှောက်လာတယ် ။

လမ်းဟာ (ထိုနည်းတူ) ခါးရိုးရှည်ကြီးနဲ့ ။ အချိန်အခါအရ အကောင်ဆုံးလို့ ထင်ရတယ်။

အနုပညာနဲ့ချွတ်စွပ်တူတဲ့အရာကို ငါကောက်ရထားခဲ့တယ် ။ ( သူ့ အပြော ) ။

အလိုဆန္ဒအရဆိုရင်လည်း ၊ ရှေ့ ကို ဆက်တက်ဖို့ပါပဲ ။

ခေါင်းကြောမာမာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်တယ် ။

တစ်ခုခု ဖြစ်ဖို့ရှိရင် တစ်ခုခု ထဖြစ်ရတော့မယ် ။

လှုပ်ခါနေတဲ့ စိတ်နဲ့ အိပ်ယာဝင် ။ လှုပ်ခါနေတဲ့ စိတ်နဲ့ အိပ်ယာထ ။

တစ်ရက်ပြီး တစ်ရက်၊ အိပ်ပဲ အိပ်,အိပ်နေပြီး ။ ငြီးငွေ့စရာတွေပါ ။

ရွေးချယ်စရာ အမှတ်စဉ်အတိုင်းဆိုလည်း၊ ငါပြီးရင် ငါဖို့ပဲ ။

အသံလည်း ဖျက်ထားတယ် ။ ရုပ်လည်း ဖျက်ထားတယ် ။ အမှန်တရားမှန်း လူမသိအောင် ။

မမြင်ရပေမယ့် ရှိနေတယ်လို့ ။ ငါတို့ လက်တွေလေထဲမြှောက်လိုက် ။ ခေါင်းတွေညိတ်လိုက် ။

ဘယ်ဂီတကမှ မဆူညံဘူး ။ နားကိုက ငါးပွက်သလို ဆူနေတာ ။

နစ်လို့ နစ်မှန်း မသိ။  ကျွံလို့ ကျွံမှန်း မသိ။ ကျော်သွားမယ်ပဲ ထင်နေတယ် ။

ဝါးနေလည်း မညက်ဘူး ။ ကဗျာ အဖက်ဖက်က ပေါက်ထွက်သွေးပျက်ပါတော့မယ် ။

ဝိုင်းတီးတဲ့ လက်ခုပ်တွေက ခင်ဗျားကို အရောက်ပို့နေတာ ။

ကဗျာကို ကျော်ချပြီးရင်၊ ဘယ်တောင်ကိုမှ (ခင်ဗျား) မကျော်နိုင်တော့ဘူး ။


မှူးဒါရီ

No comments: