Monday, December 21, 2015

ခင်ဗျား ဦးနှောက်ကြီး ဘာလုပ်ဖို့လဲ


စာလုံးပေါင်းတွေ မှားတယ် 
အဓိပ္ပာယ်တွေ လျှံကျတယ် 
ပိတ်ထားတဲ့ တံခါးရှေ့ မှာမှ ထပျံချင်တယ်
အလကားပဲ 
အသင့်ဖောက်မြောင်းထဲကိုပဲ စီးတယ်
နေပြန်ထွက်လာတယ် 
နေ၀င်သွားတဲ့အထိ ရှက်ရကောင်းမှန်းမသိဘူး
ဘာနဲ့ တည်ဆောက်ထားတယ် ပြောသေးလဲ
ဆောက်တည်ရာမရ  ။ 


မှူးဒါရီ





No comments: