Sunday, January 31, 2016

မြိုချထားတဲ့ သက်တန့်တွေ

 < မြိုချထားတဲ့ သက်တန့်တွေ >

အလကားရလို့
စိတ်ကူးနဲ့ ခဏခဏ ငါသေကြည့်မိတယ်
ငါသေသွားရင် ။
ငါသေသွားရင် အနှစ်(၃၀)လုံးလုံးဦးချခဲ့တဲ့
ငါ့ချစ်ခြင်းမေတ္တာအလန်းစားကြီးအရင်
လိုက်သေမှာပဲ
ငါသေသွားရင် စုဆောင်းခဲ့သမျှ
ငါ့နောက်မပါတာတွေလည်း ငါ့ညီမလေးက
စီမံပေးလိမ့်မယ် ။
ငါသေသွားရင် ငါသံယောဇဉ်ကြီးခဲ့တဲ့
ငါ့ရည်းစားအကောင်းစားလေးကိုလည်း
ငါ့ဈာပနာလာဖို့ ဖိတ်လိုက်ကြလေ ..
အသုဘတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ကုသိုလ်ကို သူအရယူပါစေ။
ငါသေသွားရင်
ငါသေသွားရင် ရတနာသုံးပါးအာရုံပြု
လှူခဲ့သမျှကုသိုလ်တွေအကြောင်း
ယမမင်းရှေ့ မှောက်မှာ ပြန်မှိတ်မိချင်တယ်
ငါသေသွားရင် ငါ့ခန္ဓာကို သံဝေဂနဲ့
သူတို့ ကြည့်တတ်ပါစေ
ငါသေသွားရင်
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မွေးဖခင်ကို တရားပြပါ
ငါသေသွားရင်
ဘယ်ဘ၀ရောက်ရောက်
သံသရာခရီးလမ်းဆုံးဆီ ရည်မှန်း၊ လှမ်းလျှောက်သူဖြစ်ချင်တယ်
ငါသေသွားရင်
ငါသေသွားရင်လို့
စိတ်ကူးနဲ့ အစမ်းသေကြည့်မိတယ် မကြာခဏ၊
လောလောဆယ်တော့
ရောက်နေတဲ့အရပ်မှာ
သေခြင်းတရားအကြောင်းပြောရင်
စိုးရိမ်တကြီးနဲ့ အရူးတစ်ယောက်လို ငါ့ကိုကြည့်တယ်
အလှည့်ဆိုတာရောက်မလာမှာကြလို့
သတ္တိရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားချင်တာပါကွယ်
ကွေးသောလက်မဆန့်ခင်များ ငါသေသွားရင် ။


မှူးဒါရီ
၀၁/၀၂/၂၀၁၆


No comments: