Sunday, March 30, 2008

“လက်ဆောင်”

မနေ့က
မထင်မှတ်ပဲ
ကျွှန်တော့်ဆီ
လက်ဆောင် တစ်ထုပ်
ရောက်လာတယ်…
ဘယ်သူ့ဆီက ရယ်လို့
မှတ်ပုံမတင်ထားပေမယ့်…
ကျွှန်တော် ပျော်နေခဲ့တယ်…
အထုပ်လေးကို ကိုင်…
မထိုင်နိုင်သေးဖူး…၊
မုန့်ရတဲ့ ကလေးလို…
မိုးမမြင် လေမမြင်
အဲဒီ အထုပ်လေး ပိုက်ပြီး
အိပ်ပျော်သွားခဲ့တာ…
အိပ်မက်တွေတောင် မက်လို့…၊
ဒီနေ့…ကျမှ
ပါကင်ကို အသေအချာ ဖြည်…
တိပ်ကို ဂရုတစိုက်ခွာ…
အထဲမှာ..ဘာပါမလဲ
သိချင်စိတ်လေးနဲ့ ရင်ခုနှ်ဆဲမှာ…
အထဲက စာရွက်လေး တစ်ရွက်
လွင့်ကြလာတယ်…
အပေါ်မှာရေးထားတာက…
“အချစ်ပို့လိုက်သည်…
သတိ…ရရချင်း သုံးပါ။
လေသလပ် မခံပါနှင့်။
အငွေ့ပျံတတ်သည်။” တဲ့…
ဘူးလွတ်လေးကိုင်လို့…
ကျွှန်တော်…ငိုင်ရမည့် အလှည့်…။ ။

မှူးဒါရီ

1 comment:

Unknown said...

ဒီတစ်ခုကတော့ စိတ်ကူးတော်တော်လေးဆန်းတယ်ဗျာ။ အားပေးနေပါတယ် :)