Sunday, March 23, 2008

“သူသိပါစေ”


သူက ကျွန်တော့်ကို
ကဗျာတွေ ရေးပါလား တဲ့

ကျွန်တော်က သူ့အတွက်
စာတွေပဲ ရေးချင်တာ…

သူဘယ် သိမလဲ…၊
ကျွန်တော့် အရင် နှလုံးသားက
နွေးပါတယ်..ဆိုပေမယ့်
သူပေးတဲ့ မီးတောက်ငယ်ကြောင့်
ကျွန်တော့်ဘ၀ ခုမှ နွေရောက်ဖူးခဲ့တာ…၊

အဖူးအငုံ ဝေေ၀ဆာဆာနဲ့
လေပြေအထိတွေ့ကို ခံစားရင်း
“သူ” ဆိုတဲ့ ပန်းပွင့်လေးအား…
အသည်းခိုက်အောင် မြတ်နိုးတယ်။

မှူးဒါရီ

No comments: