Monday, March 24, 2008

“chat ထဲက သူငယ်ချင်းဆိုသူများအတွက်”

ခင်မင်မှုကို
အလွဲသုံးစား

လုပ်ရမှာ...
ကိုယ်အားနာတယ်။
ဒါကြောင့်
ကိုယ်နဲ့ မင်း ခင်တယ်လို့
မယူဆနဲ့...
လမ်းကြုံတုန်း
အတူတူ လမ်းလျှောက်ထွက်တယ်

သဘောထား…နော် ။

ဖြူစင်မှုကို
အရောင်ဆိုးတယ်လို့
လူတွေပြောမှာ လည်း
ဆိုးပါတယ်…၊
ဒါကြောင့်
ဘာအရောင်ဆိုးဆိုး မမြင်ရတဲ့
ညအမှောင်မှာမှ
လရောင်ကို စောင့်ရင်း…
မင်းနဲ့ ကိုယ် ကဗျာရွတ်
လွှတ်ပျော်ကြ စို့ ။

တစ်ခုခုကို
မကျေနပ်ရင်လည်း
ပေါ်တင် ချဲ
အရေးတယူ စိတ်ထဲ
မထားနဲ့လေ
မင်း ပင်ပန်းမှာ ဆိုးလို့…၊
ချော့ရအောင်က
မင်းနဲ့ ကိုယ်
တကယ်…
အလှမ်းဝေးလို့ပါ ။

ဒီလို ပြောမိလို့…
ကိုယ့်ရေးခဲ့ဖူးတဲ့
(chat ထဲက)
စကားတွေကို…
သဘောထားသေးသေးနဲ့
သမိုင်းမှတ်တမ်းမှာ ပြန်ရှာ
သူစိမ်းကြားထဲတော့
ဟားမယ်မကြံနဲ့…၊
အပိုမလုပ်ဘူး…
ချက်ချင်းခု
မင်းကို ကိုယ်မသိဖူး
ငြင်းနိုင်သည်။ ။

မှူးဒါရီ

No comments: