Tuesday, March 25, 2008

“စက်ရုပ်လေး”

မင်းပြောသမျှ ခေါင်းညိမ့်ဖို့…

စက်ရုပ်လေးက ကိုယ်၊

မှောက်လိုမှောက်၊ လှန်လိုလှန်

ပိုင်ရှင် ပြုသမျှ၊ နုရမယ့် အမျိုးလေ၊

တနေ့မှာ ကိုယ်လို စက်ရုပ်လေး

မင်းအတွက်တော့

ရိုးသွားလိမ့်မယ်၊

အဲဒီကျ…

အမှိုက်တစ်ခုလို အပစ်ခံရလည်း…၊

ကိုယ် မငိုပါ ဖူး…၊

မင်းမမြင်ခဲ့တဲ့ ကိုယ့်အသည်းတခြမ်း

မင့်ရင်ဘတ်ထဲ ထားခဲ့တယ်။

စက်ရုပ်လေးရဲ့ သံယောဇဉ်

ဘေးနားမှာ အမြဲရှိနေတတ်တဲ့ ကိုယ့်တန်ဖိုး…

မင်းချစ်တတ်လာရင် သိမှာပဲ။

မှူးဒါရီ

No comments: