Wednesday, April 16, 2008

“ဇာတ်သိမ်း”

လိုက်ပါချင်ပေမယ့်

နေခဲ့ပြီ မှော်ဆရာ...

လိုအပ်ရင် ဇာတ်သိမ်းကို

ခါးခါးလေး လုပ်လိုက်လေ။

သကြားမထည့်နဲ့

နို့ဆီမထည့်နဲ့

မျက်လုံးကို မှိတ်

“ဥုံ” တစ်ချက်ဟိတ်တာနဲ့

ပျောက်ကွယ်ရမယ့်

တစေတစ်ကောင်ပါပဲ။

စေရာ နှင်တိုင်း

ဒူးနဲ့ ပြေးပြေးခံလို့

အဆင့်တန်း နှိမ့်ကျနေတဲ့

အလှောင်အဟားခံ ရုပ်သေး...

ဘယ်လိုဆေးနဲ့မှ

မရှင်သန်နိုင်တော့လဲ

ဖန်တီးခံရကတည်းက

သိနေပြီးပြီ။

ဆန္ဒဖြည့် ဂါထာတွေရွတ်

ပိုင်သူ လွှတ်စေခိုင်းသမျှ...

ဖြည့်ဆည်းပေးနိုင်တဲ့ အတတ်ပညာတွေရှိရက်နဲ့

ကိုယ်ကိုယ့်ကို လွတ်လပ်ခွင့်မပေးနိုင်သေးတဲ့

အခိုင်းအစေဟာ....

သုညလို ကျွန်ပေါ့။

မသနား မငဲ့ညာပဲ...

မင်းလက်နဲ့...

ချိုးဖဲ့ ဖျက်ဆီးလိုက်တော့လေ

...မှော်ဆရာ။

မှူးဒါရီ

1 comment:

ein said...

ဇာတ်သိမ်းမှာ မသနား မငဲ့ညာပဲ... မင်းလက်နဲ့... ချိုးဖဲ့ ဖျက်ဆီးလိုက်စေမှာလားအမရေ...း)
သုညလို နေတာလေးက အကောင်းဆုံးပဲနော် အမ အဆင်ပြေပါစေရှင်...။