Saturday, April 12, 2008

“တိုင်တည်ခြင်း”

အမေက ပြောဖူးတယ်။

ချစ်သား ဘယ်ခါမှ မျက်ရည်မကျစေနဲ့ ဆိုလို့

ဒုက္ခရောက်တဲ့ချိန်တိုင်း...

လက်သီးဆုပ်၊ အံကြိတ်ပြီး

ခေါင်းမော့ထားခဲ့ဖူးတယ်။

အမေက မှာဖူးသေးတယ်။

ချစ်သား လူတကာကို လွယ်လွယ် မယုံရဖူး ဆိုလို့

မျက်လုံးကိုဖွင့်၊ နားကိုစွင့်ပြီး

အပေါင်းအသင်းထား မမှားအောင်

အရာရာ ဆင်ခြင်ပြန်တော့...

မာနကြီးသူရယ်လည်း ထင်ခံရဖူးတယ်။

တစ်နေ့နေ့မှာပေါ့

အမေ့စကား၊ အမေ့အမှာများနဲ့

တစ်ခုခု လုပ်တော့မယ်ဆိုရင်

တစ်ခုတော့ ကိုယ့်အတွက် ကျန်စေဆိုပြီး

အချစ်ခရီးကို မျှော်လင့်တကြီးနဲ့ အသွားမှာ...

တစ်ဘ၀စာ ရည်စူးသူ နှင့်

အကြောင်းမရှိ အမေခွဲတော့

ကျွန်တော် အသည်း နံရံဆီ ပစ်ပေါက်ကွဲပြီး

ချစ်သား အထီးကျန်ကြီး...

ထပ်မလိမ္မာချင်တော့ဘူး အမေ။ ။

မှူးဒါရီ

1 comment:

ein said...

အမေကိုတိုင်တည်ခြင်းပေါ့နော်...။