Saturday, April 26, 2008

“သတ္တိရှိရင် ထွက်မပြေးနဲ့”

အားးးးးးးးးးးးးးးးးးးး

ချီတက်...

ကန်ထွက်တဲ့ အားမာန်

ရင်နံရံကိုရိုက်

အဟုန်နဲ့ လိုက်ပြီ။

မင်းဘာကောင်ဖြစ်ဖြစ်

ငါဘာကောင်ဖြစ်ဖြစ်

ဂျိုချင်း မခတ်

ထွက်ပြေးတဲ့သူ

သရဲဘောကြောင်..။

မှောင်မှောင် လင်းလင်း

မင်း သတိထား

တစေသရဲလို ငါ့အိမ်ရှေ့မှာ

လမ်းသလား...

မျက်မှောင်ကျုတ်ကြည့်တဲ့ကောင်

ခေါင်းနဲ့ ၀င်ဆောင့်မယ်။

ရင်ဘတ်ထဲကို ဖြတ်ြပီး

အသည်းကို စားပစ်မယ်။

အသနားလာမခံနဲ့။

ငါကတဲ့ ဇာတ်...

မင်းကရုတ်သိမ်း...

ပွဲကကြည့်မကောင်းအောင်

ယိမ်းနေပြီ။

ထိန်းမှရတော့မယ်...

ဟိုဘက်ဒီဘက်...

သက်သေခံခေါ်

တရားဝင်ပေါ်တင်...

ချဲလင့်တယ်။

မင်းက စပါးကြီးလိုအကောင်...

ယောင်လို့တောင်...

ထပ်ညှို့မယ်မကြံနဲ့....

ငါကလည်း မင်းမြိုမရတဲ့

မြိုမကျတဲ့ မြွေပါ...။

သတ္တိရှိရင်...

ကြိုးဝိုင်းထဲ ၀င်လာခဲ့

ဒီည ၁၂နာရီတိတိ...။ ။

မှူးဒါရီ

No comments: