Wednesday, April 9, 2008

“ထုံးတမ်း”

ပိတောက်နဲ့ ကိုယ်
ပတ်သတ်ချင်စရာ

သမိုင်းမရှိဘူး။

သင်္ကြန်နဲ့ မင်းက
ရင်းရင်းနှီးနှီး...
အမြဲ ခရီးရောက်တယ်။

တစ်နှစ်တစ်ခေါက်
မမှတ်မိလောက်အောင်
မင့်မျက်နှာ ရောင်စုံခြယ်...။

ခုတစ်ခါနှစ်ကူး...
မင်း ဘေးက နေရာထူးကို
ဘယ်သူ မဲပေါက်သလဲ။

၃ရက် ပြီးတော့လည်း
သူစိမ်းတွေလို
“ဒိုးတော့” မင်းပြောမယ်။

အခွင့်သင့်တိုင်း
အနိုင်ယူတတ်တဲ့ မင်းကလေး...
ဝဋ်လည်မှာ မကြောက်ဘူးလား
မေးတော့...၊

မခို့တရို့လေးဖြေအုံးမယ်။
သူတကယ်...ရင့်ကျက်ချင်တယ်လို့။

ဩော်...
“တူးပို့၊တူးပို့” သီချင်းသံကြားရင်
နှစ်စဉ် ပြတင်းပေါက်မှာ ထိုင်ငေး
အမှတ်မထင်လေးပေါ့....
ကိုယ်တွေ့လိုက်တယ်...

ဒီတစ်ခေါက်လည်း...
အသစ်တစ်ယောက်နဲ့ပေါ့
သူပျော်နေပြန်တယ်။ ။

မှူးဒါရီ

1 comment:

ein said...

အသစ်တစ်ယောက်နဲ့ပျော်နေတဲ့သူရဲ့
ထုံးတမ်းလေးပေါ့နော်...း)