နှလုံးသားရဲ့ တံခါးပေါက်တွေဆိုရင်
စက္ကန့်ပိုင်းစာလောက်ဖြစ်ဖြစ်
ငါ့ မျက်ဝန်းထဲ စိုက်ကြည့်ပါ…
မင်း ဘာတွေ မြင်ရမယ် ထင်လဲ?
တပိုင်းတစ ထိရှခဲ့တဲ့
ငါ့ဝိဥာဉ်ကိုလား?
ပြန့်ကျဲ ရှုပ်ပွနေမယ့်
မက်ခွင့် မရခဲ့သော
အိပ်မက်ဟောင်းများကိုလား?
ပန်းအိုးတစ်လုံးထဲက
ခေါင်းငိုက်စိုက် ကျနေဆဲ
ငါ့ ယုံကြည်ချက်ကိုလား?
ဒဏ်ရာ ဗလပွနဲ့
အကြိမ်ကြိမ် ဒူးထောက်ပေးခဲ့ရတဲ့
အရောင်ပြယ် ရိုးသားမှုများကိုလား?
ဒါမှမဟုတ်…
နောက်တစ်ခေါက် မျှော်လင့်မိပြန်တဲ့
ငါ့ ရင်ခုန်သံအမှားတွေကိုလား?
မင်း မြင်ချင်တာကို သာ
ရွေးချယ် မြင်ခွင့်ရှိနေသရွှေ့…
ရှေ့တလှမ်းတိုးဖို့…
နောက်နှစ်လှမ်းဆုတ်ရဲတဲ့ ငါ့ သတ္တိ၊
အနိုင်မရခင်…
အခါခါ ကျရှူံးရဲတဲ့ ငါ့ အတ္တ၊
ဘ၀တစ်ခုလုံး ရေစုန်မျောလည်း
မင်းနဘေး ရပ်တည်ချင်တဲ့ ငါ့ ဆန္ဒ၊
မင်းဘာမှ မြင်မှာ မဟုတ်ဘူး။
မျက်ဝန်းဆိုတာ
နှလုံးသားရဲ့ တံခါးပေါက်ဆိုရင်တောင်…
မေတ္တာကြားခံဒြပ်ထုတွေ မရှိပဲ…
လိုအပ်မှုတို့ သက်သက်အတွက်
ငါ့ရင်ထဲ ကို
မင်းရောက်လာမယ့်တနေ့အတွက်
ရင်မောရတယ်။ ။
မှူးဒါရီ
2 comments:
ကျွန်တော် ကြိုက်တဲ့ ကဗျာဆရာ တစ်ယောက်တော့ တိုးပြီထင်တယ် အစ်မရေ :)
အမမှူးဒါရီ တကယ်ကို ဂွတ်တယ်ဗျ...
အားပေးနေပါတယ်အမရေ...း)
ဟုတ်တယ်ရင်မောတယ်ဗျာ...။
Post a Comment