Wednesday, May 21, 2008

“စိမ်းနေတဲ့ ပန်းပြာ”

မာယာတွေပါလား
မသိခဲ့ဘူး
တကယ်ကို...
ပြာလွင်နေအောင် ပွင့်နေကြ
ဟိုးချောက်ကဘား စွန်းမှာ..။

အသိဥာဏ်မဲ့
မျက်စိမှိတ်...
အဆုံးအစမရှိ လှိမ့်ချလိုက်တော့
မာယာရှင် သူ့ရင်ထဲ
တည့်တည့်မတ်မတ် ၀င်ရောက်သွားပြီး
အလိုအလျောက်ပြာချင်ခဲ့တဲ့ ငါ့မှာ

တကယ်တမ်းကျ...
သွေးစိမ်းရှင်ရှင်ထွက်...
အစိမ်းရောင် မျက်လှည့်နဲ့
စိမ်းသထက်ပဲ စိမ်းပေးခဲ့ရတယ်။

...မာယာတွေပါလား။

မှူးဒါရီ

No comments: