Thursday, May 22, 2008

[တစေခြောက်တဲ့ည]

ငါတို့ နှစ်ယောက်ကို
လွမ်းမိတိုင်း ငါ...
ထထိုင်လိုက်ရတဲ့ ညတွေနဲ့
တစ်ယောက်တည်းမက်ရတဲ့ အိမ်မက်တွေကို
ခါးခါးသီးသီး မုန်းမိလာတယ်။
အလိုကျ ပြုံးပြတတ်တဲ့မင်းလိုမျိုး
ဂျီကျ ဆိုးလှတဲ့ငါ့လိုမျိုး
အရာရာ လွှဲချော်နေတဲ့
လမ်းကွေ့ကောက်လေးထက်က
ငါတို့ တွဲလက်များကို မုန်းတယ်။
အပြစ်တွေလုပ်တတ်တဲ့မင်းနဲ့
အပြစ်ကို ပုံချတတ်တဲ့ ငါ နဲ့
အပြစ်အတူတူ လုပ်ခဲ့ကြချိန်တွေ မုန်းတယ်။
ငါ့ကို အမြဲပျော်စေချင်တဲ့ မင်းစိတ်တစ်ခု
အမြဲမပျော်ပဲ ရှိနေတတ်တဲ့ ငါ့စိတ်တစ်ခု
ထပ်ထူမကျပဲ ကျန်နေတဲ့..
မျက်ဝန်းဆွေးတွေကို မုန်းတယ်။
ငါလိုအပ်ချိန်တိုင်း မရှိတတ်တဲ့ မင်းနဲ့
မင်းရှိနေချိန်တိုင်း မလိုသလိုဖြစ်တတ်တဲ့
ငါ့ကိုယ်ငါလည်း မုန်းတယ်။
သ၀န်တိုတတ်တဲ့မင်းနဲ့
သ၀န်တိုဖို့ သတိမရတဲ့ ငါနဲ့
ခံယူချက်တွေ ကွဲပြားနေဆဲ ဘ၀နှစ်ခုကို မုန်းတယ်။
ချစ်တတ်တဲ့ မင့်နှလုံးသားကို
အချစ်မခံတတ်တဲ့ ငါ့နှလုံးသားနဲ့
နေရာအတူချပေးခဲ့တဲ့ ကံဇာတ်ဆရာကို မုန်းတယ်။
နီးစပ်မှု...ထိတွေ့မှု...ဖေးမမှုများနဲ့
တို့နှစ်ယောက်ဖြတ်ကျော်လာခဲ့တဲ့
ဒုက္ခ ၁၀၀ ကို မုန်းတယ်။
နောက်ပြန်မလှည့်ချင် တဲ့ ခေါင်းမာခြင်းနဲ့
နောက်ပြန်လှည့်လာနေတဲ့ ခြေလှမ်းတွေကြား
အရှူံးအနိုင်တွက်နေတဲ့ “ချစ်ခြင်းတရား” ကို မုန်းတယ်။
အကုန်ပြန်ထွက်သွားးးးးးးးးးးး။

မုန်းတယ်။

မှူးဒါရီ

No comments: