Friday, June 6, 2008

“အသည်းကွဲတဲ့အခိုက်”

တစ်ချို့

ဆွေးမြည့်

ကြေကွဲ

အသည်းသန်ငိုတယ်။


တစ်ချို့

အံကြိတ်

မျက်နှာလွှဲ

တစ်ယောက်တည်းနေတယ်။


တစ်ချို့

အပျော်ရှာ

ဒဏ်ရာကိုလိမ်

အရက်ခွက်ထဲစိမ်တယ်။


တစ်ချို့

အိပ်မပျော်

နဖူးပေါ်လက်တင်

ညစဉ် သတိရမိကြတယ်။


တစ်ချို့ထဲက

တစ်ချို့ ဆိုပါတော့။

အကျီ င်္ကိုဆွဲစေ့

ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်း

ဟောင်းနွမ်း ဖိနပ်တရံတည်းနဲ့

သူများ မျက်ခုံးမွှေးပေါ် အလည်ထွက်...

ဖြေဖျောက်တတ်ကြတယ်။


တစ်ချို့

သီချင်းသံဆူဆူ

အာခေါင်ကွဲအော်

ပျော်သလို နေလိုက်တယ်။


တစ်ချို့

ဘလိတ်ဓားထက်ထက်

လက်ကောက်ဝတ်ကို ဖြတ်

မသက်မသာ နှုတ်ဆက်သွားကြတယ်။


တစ်ချို့

ရင်ခွင်သစ်ရှာ

အငိုမျက်နှာကို ၀ှက်

အစားထိုး တတ်တယ်။


တစ်ချို့ထဲက

တစ်ချို့သာ...

လွတ်မြောက်ခွင့် ရလိုက်မယ်။

မရချင်လည်း မရတော့ဘူး။

ကုစားနည်း အစုံရှိတယ်။

ကိုယ် လိုရာ ရွေးချယ်အသုံးကျ...

အသည်းကွဲကြ တဲ့ အခိုက်အတန့်။

မှူးဒါရီ

2 comments:

Kaung Kin Ko said...

ဒဏဒဏ်ရာကိုလိမ်ပြီး အရက်ခွက်ထဲစိမ်ရင်ကောင်းမယ်ထင်တယ်။ ဟီးဟီး :D

အရေးအသားတွေ ရိုးရိုးလေးနဲ့ ကောင်းတယ်ဗှာ။ စကားလုံး အတွဲအစပ်တွေကြိုက်တယ်။

Unknown said...

ကဗျာလေးကို ကြိုက်တယ်။
လောလောဆယ်ဆယ် ကောင်မလေးတစ်ယောက်ကတော့ ဒဏ်ရာတွေကို အရက်နဲ့ စိမ်နေတာတွေ့တယ်။
ဘယ်နည်းကအကောင်းဆုံးလဲကွယ်