Thursday, June 5, 2008

“...”

ရင်ဘတ်ချင်း ထိတွေ့မှုကနေ
နွေးထွေးတဲ့နှလုံးသားတစ်စုံကို
ကြည်လင်စွာ ငါမြင်လိုက်တဲ့နေ့....
မရည်ရွယ်ပဲ ငါငိုခဲ့တယ်။

မလိုချင်လို့ ပစ်ထားတဲ့ အရာတစ်ခု
မင်းပြုံးရင် ကိုယ်လည်းပျော်တယ်ဆိုတဲ့...
လူတစ်ယောက်...
ခိုလှုံရာ ပျောက်ရှခဲ့တဲ့ နေ့....
တခြားအရပ်ဆီ ငါလေလွင့်ခဲ့တယ်။

ဝန်မခံချင်ပေမယ့်
သိနေခဲ့တယ်။
မျက်လုံးချင်းမဆုံရဲတော့ပေမယ့်
ရှင်သန်ဆဲ ၀ိဥာဉ်ကို ကြိုးရှည်ဆွဲ
အဝေးမှာ လှမ်းထားတဲ့ မိန်းမကြမ်းငါ...
ဒူးထောက်လိုက်ရုံနဲ့
အပြစ်တွေ ကျေမှာတဲ့လား။

ယုံကြည်မှုတွေ ပြန်မရတော့တဲ့
မိုးစက်တွေ ရက်စက်သောနေ့....

အရက်တစ်ခွက်နဲ့
အသက်ဆက်နေတဲ့ချစ်သူဟောင်း...
မင်းလောင်းချလိုက်တဲ့ အဆိပ်တစ်စက်တိုင်းအတွက်
တာဝန်သာယူတတ်ခဲ့ရင်...
ငါ့မှာလည်း တာဝန်ရှိတယ်ဆိုတာ

မငြင်းနိုင်တော့ဘူးကွယ်။ ။

မှူးဒါရီ

2 comments:

ကောင်းကင်ကို said...

အရက်တစ်ခွက်နဲ့
အသက်ဆက်နေတဲ့ချစ်သူဟောင်း...
မင်းလောင်းချလိုက်တဲ့ အဆိပ်တစ်စက်တိုင်းအတွက်
တာဝန်သာယူတတ်ခဲ့ရင်...
ငါ့မှာလည်း တာဝန်ရှိတယ်ဆိုတာ
မငြင်းနိုင်တော့ဘူးကွယ်။ ။
အရေးအသားတွေ ကောင်းလှချည်လား။

ein said...

ထပ်တူခံစားသွားပါတယ်အမမှူးဒါရီ...း)