Thursday, June 26, 2008

“ပေးချင်တဲ့နာမည်ပေး...”

ကျကွဲသွားတဲ့ အသည်းက
မှန်စတွေလိုပဲ..
ငုံကြည့်လိုက်တော့..
ငါ့ဘာသာ ပြန်မြင်ရမယ့်အစား
“သူ့” မျက်နှာလေး ပေါ်လာတယ်။
အသက်ပေးလိုက်ရတာတောင်
အမြီးကွေးကောက်ချင်တဲ့
လေးဘက်ထောက်လေးပါ။
ဘာကောင်လည်းတော့ မမေးနဲ့

မှူးဒါရီ

3 comments:

Unknown said...

ဘာကောင်လည်း ကျွန်တော်သိတယ်...။ တီကောင်မလား...။ ဟီး :D

ein said...

ပေးချင်တဲ့နာမည်ပေးသွားတယ်နော်အမ :P

said...

မှူးရေ....
ကျည်တောက်ကလေးမစွပ်ထားဘူးလား..အဲဒီကောင်လေးမှာ ..


ငြိမ်းဇေဦး