တစ်ခါတစ်လေ
ရင်ဘတ်ကြီးထဲ
ဆို့နစ်ကြေကွဲမှုတွေ
ဓားကောင်များ လို
ဖောက်ခွဲထွက်လာပြီး
စာရွက်ဖြူတွေပေါ်
စာ လုံး များ အဖြစ် အန်ချ
ကဗျာ ဆိုတဲ့
ဖွင့်ဟ၀န်ခံခြင်းကို
ဟောဒီလက်နဲ့
အမှတ်မထင် လုပ်မိတယ်။
ငါ့အသက်ဆီကနေ
ထိုးထွက်လာတဲ့ အညှောင့်လေးလိုပဲ
ဝိဥာဉ်ချင်း ပေါင်းစပ်
မြတ်သထက် အမြတ်ဆုံး
မီးလျှံတောက်တဲ့ နှလုံးထက်မှာ
သရဖူ ကိုဆောင်း...(အမှတ်တမဲ့)
ငါ့ခေါင်းကို ဟောင်းလောင်းဖြစ်စေခဲ့သူ...ပေါ့။
နှလုံးသားက မာတဲ့အခါ
အချစ်ကို...
ခလုတ်တိုက် ချော်လဲတဲ့ ဟာသလောက်တောင်
မရယ်မိကြတော့ဘူး။
ဒါနဲ့ ပဲ ငါထပ်အန်ချလိုက်မိတယ်။
တင်းမာမှုတွေ ရွေ့လျားပြတ်ရွှေ့လာလိုက်တာ...၊
မသိစိတ် နဲ့ သိစိတ်ဟာ
ဘယ်တော့များမှ ထိတွေ့
လက်ဆွဲနှုတ်ဆက်ခွင့်ရကြမလဲ။
အိပ့်မက်နဲ့ စိတ်ကူး...
အရူးမူး ကြွှေနေတာက
အာရုံထက် စွဲထင်နေတဲ့
မင်းကျောခိုင်းထားသော ညနေစောင်း...။
မင်းအနမ်းနဲ့ ခင်းတဲ့ လမ်း...မှာ
ခြေရာခြင်း ထပ်တူကျအောင်
လျှောက်ခဲ့မိ...
ကဗျာတဲ့...
မသိမသာလေး တိုက်စားသွားပြီး
စံပယ်ရုံတွေနားမှာ ပို့ချခဲ့
ငါ့နာမည်ထပ်ထားတဲ့
သဲသောင်ပြင်လေး တစ်ခု ထပ်ပေါ်လာရုံ..။
ခံစားချက်တွေကို အားပေးနေမယ်တဲ့....။ ။
မင်းဆီ တိုင်တည်ထားပြီးသား
ပင်လယ်ဟာ...
ငါ့မျက်လုံးအိမ်ထဲမှာ...ခရမ်းရောင်လှိုင်းတွေ ထဆဲ။ ။
မှူးဒါရီ
2 comments:
စကားလုံးတွေ တော်တော်အားကောင်းတယ်အစ်မရေ...။ :)
ကဗျာအဖြစ်ပြောင်းလဲလိုက်တာပေါ့ ဟုတ်လားအမ ကောင်းတယ်ဗျာ မျက်လုံးအိမ်မှာ ခရမ်းရောင်လှိုင်းထအောင်ကို စွမ်းဆောင်နိုင်ခဲ့တာပဲနော် အဲအချစ်က :)
Post a Comment