Thursday, June 19, 2008

မှူးဒါရီ:::သဘောကျစရာ၊ ကောင်းလွန်းလို့ ဝေမျှရသတစ်ပုဒ် အနေနဲ့ တင်ဆက်ပါတယ်။

ပေးပို့တဲ့ မောင်ငယ်လေးအား ကျေးဇူးပါ။


”ယမကာလုလင် "
ညနေက အင်တာနက်မှာ
ကဗျာတစ်ပုလင်း ၀ယ်ပြီး ပြန်လာတယ်။
အခန်းကိုရောက် ပုလင်းကိုဖောက်
စက္ခုဖန်ခွက်ထဲ ထည့်
တစ်ခွက်ပြီး တစ်ခွက်
ဟိုက်...တယ်လဲ ရသာစုံပါလား...
ဆီဗုံးက အမြည်းတွေကလည်း
ချိုချဉ်ငန်စပ် ဖန်တစ်ချက်နဲ့ 
ဟား...ခံတွင်းတွေ့ တယ်ဗျို့ !!!
တရိပ်ရိပ်နဲ့  တက်လာလိုက်တာ
အေ့...!!! သောက်ရမ်းလည်းနိပ်ပါလား...
ပုလင်းကိုပိတ် အိပ်မှပဲဟ
အန်...အိပ်လို့ မရပါလား
များသွားပြီထင်တယ်။
ကလောင်တံနဲ့ ထိုး အန်ထုတ် (ကဗျာတစ်ပုဒ်)
ဟူး...ခုမှပဲ နေသာထိုင်သာရှိတော့တယ်
ခေါ.....ခေါ.....ခေါ.....။

မောင်ငယ်

မှတ်ချက်။ ကဗျာနှင့် အရက်ကို ခိုင်းနှိုင်းမှုအားခွင့်လွှတ်ပါရန်...။




2 comments:

ThinkingHoney said...

သူကိုယ့်ဆီလာတဲ့အခါလာ
ကိုယ်က သူ့နောက်လိုက်တဲ့အခါလိုက်ပေါ့ဗျာ
သင့်သင့်မြတ်မြတ်တော့နေကြ မသင့်မြတ်ရင် မောမယ်ဗျ
:D

ThinkingHoney said...

ခွင့်လွှတ်တယ်
ခွင့်လွှတ်တယ် ... :D

ဖျားတဲ့ ကြားက လာအားပေးတာနော်