Thursday, June 12, 2008

“နောက်ဆုံးခရီး”

ခေါက်ရိုးကျေနေခဲ့
အရှက်နဲ့ အသက်ရူသံ
ထပ်မံ ခေါက်ချိုး ထုပ်ပိုး
အရှေ့အရပ်ဆီ ဒိုးတော့မယ်။

သွားမယ့်လမ်းကေ၀၀ါး
လာခဲ့တဲ့နောက်ကလမ်း ပျောက်ကွယ်
လမ်းမှန်ရင်...ကြိုမြင်ခွင့်မရှိတဲ့
ဘ၀ရဲ့ စည်းကပ်ချက်တွေကို
တဖြည်းဖြည်းနားလည်လာပြီ။

နာမည်တလုံးနှင့်
နှစ်ပေါင်းမနည်းအောင်
အသက်ဆက်ရှင်ခဲ့သူတွေ...၊
အားကျတဲ့စိတ် မဖြစ်တော့ဘူး
နာမ်စားတချို့ နဲ့ ဘုဘောက်ကျ
လောကထဲမှာ ငါထားချင်တာက
ပိုင်ရှင် မရှိတဲ့
....အနုပညာ သန့်သန့်လေး...။

ပါးစပ်ထဲမှာ...
၁ကျပ်စေ့ ငုံပြီး
ငရဲအရောက် ခုန်ချလိုက်ရကောင်းမလား?
စိတ္တဇ ပန်းချီများနှင့်
လူတွေမျက်ရည်ချူစားခဲ့အကောင်ဆိုပြီး
ကောင်းကင်ဘုံက လက်ခံချင်မှ လက်ခံမှာလေ။

ငါသေခဲ့တာ...
ငါပြန်ရပ် ကြည့်ရင်း
ငါဘာသာတောင် နှမျောငို မငိုခဲ့ဘူး။
ခုချက်ချင်း ဖြစ်ဖြစ်
နောက်မှ ပဲ ဖြစ်ဖြစ်
လူမှန်ရင် သေဖို့ မွေးခဲ့သည်ပဲ။

မှူးဒါရီ

1 comment:

ThinkingHoney said...

ကောင်းလိုက်တဲ့ကဗျာ ဖတ်ပြီးတော့ စိတ်ထဲမှာနင့်ကနဲတောင်ဖြစ်တယ်

နောက်ဆုံးတကြောင်းကိုတော့ ကန့်ကွက်ပါတယ်ခမျာ
တို့ကတော့ သေဖို့ဟုတ်ဘူး ချစ်ဖို့ ချစ်ဖို့
သိဘီလား

လွမ်းလို့ပဲရင်ကွဲသေသေ
ချစ်နေဦးမယ်ဗျို့ (ကြော်ငြာ)