Sunday, June 22, 2008

“အိပ်မက်မက်တယ်”


မင်း လွှင့်ပစ်လိုက်တဲ့ အမှိုက်

မရင်ထဲမှာ တဲလာဆောက်တယ်။

နှစ်ယောက်တည်း နေချင်တယ်တဲ့။

မင်း မသုံးတော့စကားများ

မနားထဲမှာ ပိုင်စိုး လူးလာကူးသန်း

အရမ်းလွမ်းနေတယ်တဲ့။

မင်းသော့ခတ်လိုက်တဲ့ အနမ်း

မပါးကို ပွတ်သပ်ကာ သွားပေါ့။

မမြင်ရလို့ရူးတော့မယ်တဲ့လေ။

အို....ဒီည...ကိုယ်အအိပ်များသွားပြီ ထင်တယ်။

မင်းပိတ်ထားတဲ့ နှုတ်ခမ်းဖျားက

တိုးတိတ်တဲ့ သီချင်းသံစဉ်....

မထင်မှတ်ပဲ နှလုံးသားက ကြားလိုက်ရ၊

ဩော်...မတစ်ယောက်တည်း

အသေအချာ..အိပ်မက်တွေ မက်လို့ပါ။

မှူးဒါရီ

1 comment:

ThinkingHoney said...

တလောကလုံး အိပ်မက်တွေမက်နေကြတယ်