Friday, June 6, 2008

“အယူခံ”


ဟောဒီ လက်ဝဲဘက် ရင် အုံ တ ခြမ်း…
ကိုက် ခဲ နေ ခဲ့တာ ကြာ ပြီ…
မှား ယွင်း မူတွေ နဲ့
အ သက် သွင်း ထား တဲ့ အကောင် ပါ။

လူ ယုတ် မာ လို့
ချစ် သူ က စွပ်စွဲ ပြီး
ကျော ခိုင်း သွား တုန်း က တောင်
ယောင် လို့ မမဲ့မိခဲ့ဘူး။

ကျွန် တစ် ယောက် လို ပေါ့…
ခံ စား ချက် စင်စစ် တွေ ထည့်ရေးလည်း
ကိုယ့် ကဗျာ ကိုယ် ပြန် ဒူးထောက်
အ ခြား တစ် ယောက် ကို ဆက်သမိလို့
ပါရမီ နည်း တဲ့ လူ တွေ မေး ငေါ့ ကြ တယ်။

မ ရင့် ကျက် နိုင် သေး ဘူး တဲ့..

ဒီ အ ကောင် ပေါ့
ကောင်းကင်ပြာ ကို အားကျလွန်းလို့လေ…
ဘ ၀ ကိုတောင် အ နား မ သပ် …ပဲ
ပျား ရည် တစ် ခွက် နဲ့ ညကို ချူ…
အိပ်မက်ဆိုးတွေ ကို ပြန် ပြင်မက် နေ တတ် တဲ့ အကောင် ပါ။

ခု ကျ မှ
ဘယ် လို ကြောင့် ကျရှူံးရေး စာချုပ် ပေါ်
ဝန်ခံချက် လက် မှတ် ထိုး ပေး ရ မ လဲ?
ဒါ မ တ ရား သော ထုတ်ပြန်မူပဲ…

ဝမ်း သာ မ နေ နဲ့

ဟာ…ရင် ဘတ် ထဲ က အောင့် လာပြန် ပေါ့..

….

မ ကြောက် တတ် ပေ မယ့်
ယောက် ယက် ခတ် နေ တာ ပဲ…
….
မင် သက် ပြီး…
ခဏတဖြုတ် အ သက်ရှူ ရပ် တန့် တုန်း
အ မှောင် ရိပ် ကြီး က အ မြစ် တွယ် ပါ လာ..

…..
ဗျို့ ဒီ မှာ…“အချစ်”
အ ယူ ခံ တောင် ၀င် ခွင့် မ ရှိ တော့ ဘူး လား?

ဟောဒီ လက်ဝဲဘက် ရင် အုံ တ ခြမ်း…
ကိုက် ခဲ နေ ခဲ့တာ ကြာ ပြီ…။

မှူးဒါရီ

1 comment:

Kaung Kin Ko said...

လက်ဝဲဘက် ရင်အုံ ကိုက်လို့ ဆို။ ဆရာဝန်မပြကြည့်ဘူးလား။ ဟီးဟီး :P ကဗျာဖတ်သွားတယ်။