Sunday, June 8, 2008

“ဆုတောင်း”

အိမ့်မက်လှလှ ခြယ်ထားတယ်။
လက်ဖ၀ါးကို ဖြန့်၊ ဖမ်းလိုက်နော်။

နုညက်ပါးလွှာတဲ့ အသက်...ခရေခက်တွေလိုပဲ။
ရောက်တဲ့အရပ်မှာ...မွှေးပါစေ။

ပျော့ပျောင်းညင်သာတဲ့ အသက်...ပွင့်ဖတ်တွေလိုပဲ။
ထွေးအိပွေ့ဖက်...နွေးပါစေ။

ရှင်းသန့်လတ်ဆတ်တဲ့ အသက်...မိုးစက်တွေလိုပဲ။
ကွေ့ကောက်ခက်ခဲခြင်းလည်း...ကင်းပါစေ။

မှူးဒါရီ

1 comment:

ကောင်းကင်ကို said...

ကဗျာလာဖတ်သွားတယ်