Friday, June 6, 2008

“ပျံသာပျံပါ”


အကွက်ချထားတာလား


မျက်လှည့်ပြတာလား


မလာနဲ့လို့ လက်ကာပြတာလား

သွားတော့မယ်လို့ တာ့တာ ပြတာလား


လမ်းသင့်လို့ ရေ၀င်သောက်တာလား

အိုင်ထင်လို့ ခြေ၀င်ဆေးတာလား


အချိန်တန်လို့ အိမ်ပြန်သွားတာလား

ငြီးငွေ့လို့ ခရီးဆက်တာလား


ခြေတလုံးအိမ်တိုင် ခရီးသွားသူလား

နေရာသစ်ရှာ နယ်မြေချဲ့ထွင်သူလား


အတောင်မစုံခင်

လှေခါးထစ်တိုလေးတစ်ခုဖြစ်ပေးခဲ့တယ်။

ရေမြေမကျွှမ်းသေးခင်

ရင်ခွင်ထဲထွေး နွေးပေးခဲ့တယ်။

အဆာမရှာတတ်သေးခင်

အသည်းကိုထုတ် ချက်ပြုတ်ကျွှေးခဲ့ဖူးတယ်။

အမေနဲ့တူတဲ့ ချစ်သူနောက်တစ်ယောက်...

မင်းကို ပြုစုစောင့်ရှောက်ဖို့ အသင့်ရှိနေရင်...

နေရပ်ကိုခွာ...

အမြင့်ဆီ နင် ပျံ ပါ စေ တော့...။ ။

မှူးဒါရီ

P.S; Indicated for a friend who let her heart goes along with an unfaithful man.

2 comments:

Kaung Kin Ko said...

အဆာမရှာတတ်သေးခင်
အသည်းကိုထုတ် ချက်ပြုတ်ကျွှေးခဲ့ဖူးတယ်။
အသုံးအနှုံးလေး ကောင်းတယ်ဗျာ

Unknown said...

အမေနဲ့တူတဲ့ ချစ်သူနောက်တစ်ယောက်...

မင်းကို ပြုစုစောင့်ရှောက်ဖို့ အသင့်ရှိနေရင်...

နေရပ်ကိုခွာ...

အမြင့်ဆီ နင် ပျံ ပါ စေ တော့...။ ။

ဒီအပိုဒ်ကို အကြိုက်ဆုံးပဲ။ အမေနဲ့တူတဲ့ ချစ်သူတစ်ယောက်။
အမေ့လို နွေးထွေးတဲ့ ချစ်သူတစ်ယောက်တော့လိုချင်တယ်။