Thursday, July 31, 2008

“ကော်နီ တယ်ဘတ်”

သီချင်းဟာ
ရင်ထဲကို စီးဆင်းဝင်ရောက်ခဲ့။

သူ့သံစဉ်မှာ
ခရေကြွေ တစ်ချို့ မျောပါ
လက်ချောင်းသွဲ့လျလေး
စန္ဒယားတီး...
မေတ္တာဖောင် လေး စီးလာတယ်။

ခေါင်းလောင်းတွေ လေခတ်သလို
သာယာနှူးညံ့ဖွယ် လည်ချောင်းသံလေးနှင့်
နတ်သမီးလေးများ ကိုယ်ယောင်ဖန်ဆင်း
လူ့ပြည် ဆင်းသက်သလား။

ရွေ မင်ရောင် ဆံပင်လေးချ
သွားကျဲလေးများ ပေါ်အောင်
ရယ်ပြရင်း...၊

နှလုံးသားကို လှုပ်နိုး
သက်တန့်ကြီး ရဲ့ ဟိုးတစ်ဖက်က
သူ့ တန်ခိုးကြောင့်
မျက်ရည် ၀ဲတဲ့သူဝဲကြ

အံမအန်း ပါရမီရှင်လေး။

မှူးဒါရီ


စာကြွင်း။ ။ ၆နှစ်သာရှိသေးတဲ့ သူမရဲ့ အသံသာလေးနဲ့ “over the rainbow” သီချင်းကို Britain got talents” မှာဆိုပြပြီး ပြိုင်ပွဲ ၀င်သွားခဲ့သူလေးကို တင်စားရေးဖွဲ့ ထားပါတယ်။သူ့ သီချင်းလေးကို ဒီလင့် လေးကို နှိပ်ပြီး ၀င်ကြည့်နိုင်ပါတယ်။

No comments: