Wednesday, July 30, 2008

“တစ်ခါသေဖူး၊ပျဉ်ဖိုးနားလည်”

မျှော်လင့်မှုကို
ယုယနေဖို့ ကိုယ့်မှာ
ခွန်အားမရှိတော့ပါ။

ရှေ့ရောက် နေပြီအထင်နှင့်
ခပ်ကြွားကြွား သမင်ပြန်အလှည့်
၃ လ စာ လောက်..
ရင်တစ်ခုလုံး ကျန်နေခဲ့မှန်းသိတယ်။

ရင်ခုန်သံကို ၀ှက်မိတာ
အချစ်ကို မုန်းလို့ မဟုတ်ပါဘူး
အမုန်းစာရင်းမှာ အချစ်ကို မထည့်ချင်လို့။

ရေမှာ လှေ မလွှင့်ဖူးဘူး။
စက္ကူခေါက်လေး စာအုပ်ထဲညှပ်
ခေါင်းအုံးပြီး အိပ်ခဲ့ပါတယ်။


မြတ်နိုးရတဲ့ ချစ်သူကို
တဘ၀စာ ပိုင်ဖို့ အကြံနှင့်
ဖန်ပေါင်းချောင်ထဲထည့်
မျိုချခဲ့မှပဲ...
သမိုင်းတင်အောင်လည်း
ဆုံးရှုံးသွားဖူးတယ်။

နောက်တစ်ခါ
ငါ့ရင်ကို
မြှားမချိန်တော့နဲ့
နတ်မိတ်စာလေးရယ်။

မှူးဒါရီ

2 comments:

Anonymous said...

အချစ်ကို မုန်းလို့ မဟုတ်ပါဘူး
အမုန်းစာရင်းမှာ အချစ်ကို မထည့်ချင်လို့

အဲ့စာသားလေး ရေလည်ခိုက်တယ်း)

မျှားပြာ said...

အင်း နောက်တစ်ခါထပ်ချိန်လည်း ကျွန်တော်ကတော့ နားလည်မှာ မဟုတ်ဘူးဗျ ..။ ကျွန်တော့်ရင်ဘတ်ကြီးကို ကော့ပေးလိုက်မှာ ... ။ အသည်းကွဲလေ ကဗျာတွေ ကောင်းတယ်ဆိုလား ဟတ်ဟတ်