Wednesday, July 9, 2008

“ရင်ခုန်သံ”

အနမ်းအိမ်ထဲမှာ...
တစ်ရက် တစ်လွှာနှုံးနှင့်
ပွင့်ဖတ်တွေ တရုံးရုံးဖြစ်လာတာ
မင်းကြောင့် မင်းကြောင့်ပါကွယ်။

ကမ်းတဲ့လက်ကို
အရှက်သည်း အကြည့်နှင့်
နေရောင်အထိမခံရဲ ပန်းနုပါးပြင်သဏ္ဍာန်
ခြုံလွှာပါးလေးပတ်..၊
နှုတ်ခမ်းလေးစို သပ်ပြီး...။

မမြင်လိုက်ဘူးလား
ဝတ်မှုန်တွေ ဖွင့်အံသွားတဲ့
ဥဩငှက် ရင်အုံထဲကနေ...
အမွှေးဆုံးအလှဆုံး ညစံပယ်လေး
ဖွဖွရွရွ ပြုံးနေတာ ချိုလို့..

မှူးဒါရီ

No comments: